အာရှဖလား ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင် မြန်မာအသင်း အရေးနိမ့်
June 8, 2022AFC နှင့် MFF တို့ ပူးပေါင်းပြီး ကြံ့ခိုင်ရေးနည်းပြသင်တန်းဖွင့်လှစ်
June 11, 2022လာမည့် ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် အာဆီယံချန်ပီယံရှစ် (AFF Championship 2022) အမျိုးသား ယူ-၁၉၊ အမျိုးသားယူ-၁၆၊ အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ (ဇွန် ၉ရက်) နေ့လယ်ပိုင်းက ကျင်းပခဲ့သည်။
အမျိုးသား ယူ-၁၉ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ ကို ဇူလိုင် ၂ရက်မှ ၁၅ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မြန်မာ အသင်းတို့ ပါဝင်လျက်ရှိပြီး အုပ်စု (ခ) တွင် မလေးရှား၊ လာအို၊ အရှေ့တီမော၊ ကမ္ဘောဒီးယား၊ စင်ကာပူ အသင်းတို့ပါဝင်နေသည်။
အမျိုးသမီး ယူ-၁၈ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၂၂ရက်မှ ဩဂုတ် ၄ရက် အထိကျင်းပ ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု (က)တွင် စင်ကာပူ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အုပ်စု (ခ)တွင် ဖိလစ်ပိုင်၊ မလေးရှား၊ မြန်မာ၊ ဩစတြေးလျအသင်းတို့ ပါဝင်လျက်ရှိသည်။
အမျိုးသား ယူ-၁၆ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲကို ဇူလိုင် ၃၁ရက်မှ ဩဂုတ် ၁၃ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီးအုပ်စု (က)တွင် စင်ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊အုပ်စု (ခ)တွင် အရှေ့တီမော၊ လာအို၊ ဘရူနိုင်း၊ ထိုင်း၊အုပ်စု (ဂ) မြန်မာ၊ ကမ္ဘောဒီးယား၊ ဩ စတြေးလျ၊ မလေးရှား အသင်းတို့ အသီးသီးကျရောက်လျက်ရှိသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အဆိုပါအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲများအတွက် သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး လက်ရွေးစင်အသင်းများကို မေလအစောပိုင်းကတည်းက ဖွဲ့စည်းခဲ့ပြီး သု၀ဏ္ဏလက်ရွေးစင်အဆောင်တွင် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပါသည်။
မြန်မာ့လက်ရွေးစင်အမျိုးသားယူ-၁၉ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ အမျိုးသားယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုး၊ အမျိုးသမီး ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက အသီးသီးတာဝန်ယူကိုင်တွယ်လျက်ရှိပါသည်။