AFC နှင့် MFF တို့ ပူးပေါင်းဖွင့်လှစ်သည့် ကြံ့ခိုင်ရေးနည်းပြ သင်တန်းဆင်းပွဲပြုလုပ်
June 15, 2022အာဆီယံနှင့် အာရှခြေစစ်ပွဲအတွက် မြန်မာယူ-၁၆ အသင်း ပြင်ဆင်လေ့ကျင့်
June 26, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်ကော်မတီနှင့် ဒိုင်လုပ်ငန်းဌာနတို့ ပူးပေါင်းကျင်းပသည့် ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံးခြင်း အခမ်းအနားကို ဇွန် ၂၃ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးလှမင်းနှင့် တာဝန်ရှိသူများ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က အမှာစကားပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group 1) ကို ဇွန် ၂၁ မှ ၂၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနမှ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ အရည် အချင်း တိုးတက်လာစေရေးနှင့် ၂၀၂၂ ဘောလုံးရာသီအတွက် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်နိုင်ရန် ကျင်းပခဲ့ခြင်းဖြစ်သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲတွင် ဒိုင်ကြီးကြပ် ၆ ဦး၊ ကွင်းလယ်ဒိုင် ၈ ဦးနှင့် အကူဒိုင် ၈ ဦးတို့တက်ရောက်ဆွေးနွေးခဲ့ကြသည်။