ဒိုင်ကြီးကြပ်၊ ဒိုင်နှင့် အကူဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြီးစီး
June 23, 2022AFC Futsal Level 2 Coaching Certificate Course သင်တန်းဖွင့်လှစ်မည်
June 27, 2022မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၆ အသင်းသည် ၂၀၂၂ ခုနှစ်အတွင်း ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲနှင့် အာရှယူ-၁၇ ခြေစစ်ပွဲအတွက် ရည်ရွယ်ပြီး မေလမှ စတင်ကာ လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးမှ တာဝန်ယူ ကိုင်တွယ်နေပြီး ပဏာမ ကစားသမား ၃၀ ဦးဖြင့် နေ့စဉ် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။
မြန်မာယူ-၁၆ အသင်း အနေဖြင့် မြန်မာနေရှင်နယ်လိဂ် အသင်းများ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ပြိုင်ပွဲဝင် ယူ-၁၉ အသင်း များနှင့်လည်း အပတ်စဉ် ခြေစမ်းပွဲများ ယှဉ်ပြိုင် ကစားလျက်ရှိသည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၁၃ ရက်ထိ ကျင်းပမည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ)တွင် ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
ပြိုင်ပွဲကို အုပ်စု သုံးစုခွဲထားပြီး အုပ်စု (က)တွင် အိမ်ရှင် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်။ အုပ်စု (ခ)တွင် ထိုင်း၊ တီမော၊ လာအို၊ ဘရူနိုင်းတို့ ကျရောက်လျက်ရှိသည်။
အုပ်စု (က)မှ အုပ်စု ပထမနှင့် ဒုတိယရသည့် အသင်းနှစ်သင်း၊ အုပ်စု (ခ)မှ အုပ်စု ပထမရသည့် တစ်သင်းနှင့် လက်ကျန် တစ်နေရာအတွက် အုပ်စု (ခ)နှင့် အုပ်စု (ဂ)မှ အမှတ်အများဆုံးရသည့် နောက်တစ်သင်းတို့ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။
မြန်မာယူ-၁၆ အသင်းသည် ဆော်ဒီအာရေဗျ နိုင်ငံတွင် အောက်တိုဘာ ၁ ရက်မှ ၉ ရက်ထိ ကျင်းပမည့် အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စု (ဃ)တွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အိန္ဒိယ၊ မော်လ်ဒိုက်အသင်းတို့နှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာ ယူ-၁၆ အသင်းသည် ပြိုင်ပွဲမပြတ်တမ်း ကစားရသည့် အတွေ့အကြုံရရှိစေရန် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာယူ-၁၆ အသင်း၏ ခြေစမ်းပွဲရလဒ်များ
မြန်မာယူ-၁၆ (၀-၄) ဒဂုံအက်ဖ်စီ
မြန်မာယူ-၁၆ (၃-၃) ရန်ကုန်တိုင်းယူ-၁၉
မြန်မာယူ-၁၆ (၁-၂) မြဝတီအက်ဖ်စီ
မြန်မာယူ-၁၆ (၁-၄) တက္ကသိုလ်လက်ရွေးစင်
မြန်မာယူ-၁၆ (၁-၀) ရန်ကုန်တိုင်းယူ-၁၉
မြန်မာယူ-၁၆ (၀-၀) ရခိုင်ယူနိုက်တက်
မြန်မာယူ-၁၆ (၂-၂) ဒဂုံအက်ဖ်စီ