အာဆီယံ ယူ- ၁၉ ပြိုင်ပွဲဝင်မည့် မြန်မာအသင်း လူစာရင်း ထုတ်ပြန်
June 28, 2022၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်းထုတ်ပြန်
June 30, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Infrastructure Committee Meeting ကို ဇွန် ၂၈ ရက် နေ့လယ်ပိုင်းက Video Conferencing ဖြင့် ကျင်းပ ပြုလုပ်ခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဆန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အ ထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်မင်းသိန်း၊ ဦးထောင်ထာထန်း ၊ ဦးကိုကိုဌေး၊ ဒေါက်တာရဲမွန်ထွဋ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆန်းက အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အဖွဲ့ချုပ်၏ Infrastructure လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ယင်းနောက် အစည်းအဝေး အစီအစဉ်အတိုင်း တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ အစည်းအဝေး ရုတ်သိမ်းခဲ့သည်။