၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်း အားခန့်အပ်
June 27, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Infrastructure Committee Meeting ကျင်းပ
June 28, 2022အင်ဒိုနီးရှားနိုင်ငံတွင် ဇူလိုင်၂ ရက်မှ ၁၅ ရက်အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာယူ -၁၉ အသင်း အပြီးသတ်လူစာရင်းကို နည်းပြချုပ် ဉီးစိုးမြတ်မင်းက ဇွန် ၂၈ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြန်မာ ယူ- ၁၉ အသင်း၏ အပြီးသတ်လူစာရင်းတွင် စုစုပေါင်း ကစားသမား (၂၆)ဦး ရွေးချယ်ထားသည်။
မြန်မာ ယူ- ၁၉ အသင်းအား ပဏာမ ကစားသမား(၂၈) ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဧပြီ ၂၀ ရက်မှစတင်၍ စခန်းဝင်လေ့ကျင့်မှုပြုလုပ်ကာ ပြည် တွင်းကလပ်အသင်းများနှင့် ခြေစမ်းပွဲများကစားပြီးနောက် နောက်ဆုံးလူစာရင်းအား နည်းပြချုပ် ဦးစိုးမြတ်မင်းမှ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
မြန်မာ ယူ- ၁၉ အသင်းသည် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲတွင် အုပ်စု(က)တွင် ဘရူနိုင်း၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှားတို့နှင့်အတူ ကျရောက်နေပြီး အုပ်စု (ခ)တွင် မလေးရှား၊ လာအို၊ တီမော၊ ကမ္ဘောဒီယား၊ စင်ကာပူ တို့ကျရောက်လျက်ရှိသည်။
မြန်မာ ယူ- ၁၉ အသင်းသည် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဇွန် ၂၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျာကာတာမြို့သို့ သွားရောက်မည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ်ပြိုင်ပွဲပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံတွင် စက်တင်ဘာ ၁၀ရက်မှ ၁၈ ရက်ထိ ကျင်းပမည့် အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က)တွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဉဇဘက်ကစ္စတန်တို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ပြိုင်ပွဲမပြတ်တမ်း ကစားရသည့် အတွေ့အကြုံရရှိစေရန် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲတွင်လည်း ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
မြန်မာ ယူ- ၁၉ အသင်း အပြီးသတ်လူစာရင်း
ဂိုး – ဟိန်းထက်စိုး၊ ထက်အာကာဝင်း၊ စိုင်းစွမ်တွန်းခေး။
နောက်တန်း – လင်းလင်းထွန်း၊ လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ မျိုးမင်းဟိန်း၊ ကျော်ဝဏ္ဏ၊ ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး။
အလယ်တန်း- ဟိန်းဇော်နိုင်၊ ချစ်အေး၊ သာယာဝင်းထက်၊ လမင်းထွေး၊ မိုးဆွေ၊ ရဲကောင်းဆက်၊ ဇော်ဝင်းသိန်း၊ဉက္ကာနိုင်၊ အာကာကျော်၊ သူရအောင်၊ ဖြိုးသန့်ကိုကို ၊စိုးမြတ်မင်း၊ ရဲရင့်ဖြိုး။
ရှေ့တန်း – စွမ်းထက်၊ ထက်မြတ်လွင်၊ သိန်းဇော်သီဟ။