မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Infrastructure Committee Meeting ကျင်းပ
June 28, 2022အာဆီယံ ယူ- ၁၉ ပြိုင်ပွဲ အုပ်စု(က)ပွဲကြို သတင်းစာ ရှင်းလင်းပွဲပြုလုပ်
July 1, 2022ဖိလစ်ပိုင်နိုင်ငံတွင် ဇူလိုင်လ ၂ရက်နေ့မှ ၁၇ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း လူစာရင်းကို နည်းပြချုပ် ဒေါ်သက်သက်ဝင်းမှ အတည်ပြုထုတ်ပြန်ခဲ့သည်။
ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို ဇွန်လ ၉ ရက်နေ့မှ စတင်ကာ ပြီးခဲ့သည့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲဝင် ကစားသမား ၂၂ ဦး၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကစားသမား (၄)ဦး၊ အသက်၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းမှ ကစားသမား (၉)ဦးတို့ဖြင့် စုစည်းလေ့ကျင့်ခဲ့သည်။အပြီးသတ် ကစားသမား(၂၇)ဦး ပါဝင်သည့် မြန်မာ အမျိုးသမီး အသင်းသည်ဇူလိုင် ၂ ရက်နေ့တွင် ပြိုင်ပွဲကျင်းပရာ ဖိလစ်ပိုင်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း အနေဖြင့် အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲကို ဇူလိုင်လ ၂ ရက်နေ့မှ ၁၇ ရက်နေ့အထိ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စု(ခ)တွင် ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့ လက်ရွေးစင်အမျိုးသမီး အပြီးသတ်လူစာရင်း
ဂိုး – မေဇင်နွယ် ၊ ဇူးလတ်နဒီ ၊ မျိုးမြမြငြိမ်း
နောက်တန်း – ခင်သန်းဝေ ၊ချစ်ချစ် ၊ ဇွန်ယုယဦး ၊ မိုးမမစိုး ၊ ခင်မျိုးဝင်း ၊ ဖြူဖြူဝင်း ၊ အေးအေးမိုး ၊ နန့်ဇူဇူးထက်၊ ခိုင်သဇင်
အလယ်တန်း- ခင်မာလာထွန်း၊ ခင်မိုမိုထွန်း၊ နော်ထက်ထက်ဝေ၊ ပုံ့ပုံ့ပြည့်မောင်၊ ဝင်းဝင်း ၊ မေဖူးကို၊ နှင်းပွင့်အေး၊ ဝေဖူးအိမ်၊ ယဉ်လွန်းအိမ်၊လင်းမြင့်မိုရ်
ရှေ့တန်း- ဝင်းသိင်္ဂီထွန်း ၊ စန်းသော်သော်၊ ခင်မိုးဝေ၊ ဂျူလိုင်ကျော်၊ မြတ်နိုးခင်