
အာဆီယံ ယူ- ၁၉ ပြိုင်ပွဲ အုပ်စု(က)ပွဲကြို သတင်းစာ ရှင်းလင်းပွဲပြုလုပ်
July 1, 2022
၂၀၂၂ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ် အုပ်စု(ခ) ပွဲကြို သတင်းစာရှင်းလင်းပွဲ ကျင်းပ
July 4, 2022
အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲအုပ်စု(က)၏ ပွဲဦးထွက်အဖြစ် မြန်မာယူ -၁၉ အသင်း နှင့် ဘရူနိုင်း ယူ-၁၉ အသင်းတို့ ယနေ့ (ဇူလိုင် ၂)တွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ Madya Senayan ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန် မာ ယူ -၁၉ အသင်းက (၇) ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ဟိန်းထက်စိုး(ဂိုး)၊ မျိုးမင်းဟိန်း၊ လန်းဆန်းအောင်၊ လင်းလင်းထွန်း၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ချစ်အေး၊ မိုးဆွေ၊ လမင်းထွေး၊ ထွန်းထွန်းသိန်း၊ ဉက္ကာနိုင်တို့ဖြင့် ပွဲထွက်ကာ ဘရူနိုင်းအသင်းအား ရင်ဆိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစ အဆုံး ဘရူနိုင်းအား ဖိအားပေးကစားခဲ့ပြီး ပထမပိုင်းတွင် ၃ ဂိုး၊ ဒုတိယပိုင်းတွင် ၄ ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းအတွက် ဂိုးများကိုပွဲချိန်(၂၇) မိနစ်တွင် မိုးဆွေ၊ ပွဲချိန် (၂၉) မိနစ်တွင် ဇော်ဝင်းသိန်း၊ ပွဲချိန် (၃၈) မိနစ်တွင် လမင်းထွေး၊ ပွဲချိန် (၆၈)မိနစ်တွင် ချစ်အေး၊(၇၄)မိနစ်တွင်တာရာဝင်းထက်၊ (၇၈)မိနစ်တွင် အာကာကျော်နှင့် ပွဲချိန် (၈၅) မိနစ်တွင် သိန်းဇော်သီဟတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းက” ဒီနိုင်ပွဲအတွက် ကစားသမားတွေကို ချီးကျူးလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အသင်းမှာ ဒီပွဲအတွက် ပါဝင်ကစားတဲ့သူ (၇) ဦးလောက်က ပထမဆုံး နိုင်ငံတကာပွဲဖြစ်ကြပါတယ်။ သူတို့တွေ အကောင်းဆုံးကြိုးစားကစားကြလို့ ကျေနပ်ပါတယ်။ ဒီပွဲအနိုင်ရပေမဲ့ အသင်းကြီးတွေနဲ့ ဆက်တိုက်ကစားရမှာဖြစ်တာကြောင့် ဆက်လက်ကြိုးစားသွားရဦးမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာ ယူ- ၁၉ အသင်းသည် ဇူလိုင် ၄ ရက်တွင် ထိုင်း၊ ဇူလိုင် ၆ ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အုပ်စု(က) အခြားပွဲစဉ်များတွင် ထိုင်းက ဖိလစ်ပိုင်ကို (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အိမ်ရှင် အင်ဒိုနီးရှားနှင့် ဗီယက်နမ်တို့ပွဲမှာ ဂိုးမရှိ သရေကျခဲ့သည်။
ပွဲစဉ်(၁) ပြီး အုပ်စု(က) ရပ်တည်မှု
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | Myanmar | 1 | 1 | 0 | 0 | 7 | 0 | +7 | 3 |
2 | Thailand | 1 | 1 | 0 | 0 | 1 | 0 | +1 | 3 |
3 | Vietnam | 1 | 0 | 1 | 0 | 0 | 0 | 0 | 1 |
4 | Indonesia | 1 | 0 | 1 | 0 | 0 | 0 | 0 | 1 |
5 | Philippines | 1 | 0 | 0 | 1 | 0 | 1 | −1 | 0 |
6 | Brunei | 1 | 0 | 0 | 1 | 0 | 7 | −7 | 0 |
Photo Gallery








