အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် ထိုင်းကို မြန်မာအသင်း ရူံးနိမ့်
July 4, 2022အာဆီယံ ယူ- ၁၉တွင် ဖိလစ်ပိုင်ကို အနိုင်ယူခဲ့သည့် မြန်မာအသင်း
July 6, 2022ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ပွဲစဉ်အဖြစ် ဇူလိုင် ၅ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် ယှဉ်ပြိုင်ခဲ့သော မြန်မာအသင်းနှင့် တီမောအသင်းတို့ပွဲစဉ်တွင် မြန်မာအသင်းက တီမောအသင်းကို (၇-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်း ပွဲထွက်လူစာရင်းတွင် မေဇင်နွယ်(ဂိုး)၊ ခင်သန်းဝေ၊ဇွန်ယုယဦး၊ ဖြူဖြူဝင်း၊ နန့်ဇူဇူးထက်၊ နော်ထက်ထက်ဝေ၊ ခင်မာလာထွန်း၊ လင်းမြင့်မိုရ်၊ မြတ်နိုးခင်၊ ဂျူလိုင်ကျော်၊ ခင်မိုးဝေတို့ဖြင့် စတင်ခဲ့ပြီး ပွဲချိန်ပြည့်နီးပါး တီမောအသင်းကို ဖိအားပေးကစားနိုင်ခဲ့သည်။
မြန်မာအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅မိနစ်တွင် နော်ထက်ထက်ဝေမှ အဝေးကန်သွင်းချက်ဖြင့်သွင်းယူခဲ့ပြီး ကျန်သွင်းဂိုးများကို ဂျူလိုင်ကျော်မှ ပွဲချိန် ၁၉ မိနစ်နှင့် ၃၃မိနစ်တွင်လည်းကောင်း၊ မြတ်နိုးခင်မှ ပွဲချိန် ၅၉မိနစ်နှင့် ၈၃မိနစ်တွင်လည်းကောင်း ခင်မာလာထွန်းမှ ပွဲချိန် ၃၈မိနစ် နှင့် ဝေဖူးအိမ်မှ ပွဲချိန် ၄၅ မိနစ်တွင်လည်းကောင်း အသီးသီးသွင်းယူပေးခဲ့သည်။
“အသင်းရဲ့နိုင်ပွဲအပေါ် ဝမ်းသာမိပါတယ်။ ဒါပေမဲ့ အသင်းမှာ အားနည်းချက်တွေရှိနေပါတယ်။ အဖွင့်ပွဲစဉ်တွေမှာဖြစ်တတ်တဲ့ မတည်ငြိမ်မှုတွေကို တွေ့ရပါတယ်။ နောက်တန်းနဲ့ အဆုံးသတ်အားနည်းချက်တွေကို ကမ္ဘောဒီးယားနဲ့ပွဲစဉ်မတိုင်ခင် ပြန်ပြီးပြင်ဆင်သွားပါမယ်။ အနိုင်ရလဒ်အတွက် ကြိုးစားကစားသွားတဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ အကောင်းဆုံး ခုခံကစားသွားတဲ့ တီမောအသင်းကိုလည်း ချီး ကျူးပါတယ်” ဟု နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် ဇူလိုင်လ ၉ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။