အာဆီယံအမျိုးသမီးချန်ပီယံရှစ် အဖွင့်ပွဲစဉ်တွင် အနိုင်ရ ရှိခဲ့သည့် မြန်မာအသင်း
July 5, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF Legal Committee Meeting ကျင်းပ
July 7, 2022အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲ အုပ်စု(က) တတိယပွဲစဉ်အဖြစ် မြန်မာယူ -၁၉ အသင်း နှင့် ဖိလစ်ပိုင် ယူ-၁၉ အသင်းတို့ ယနေ့ (ဇူလိုင် ၆)တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Madya Senayan ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ – ၁၉ အသင်းက (၃-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ယခုပွဲတွင် အပြောင်းအလဲများပြုလုပ်ခဲ့ပြီး ဟိန်းထက်စိုး(ဂိုး)၊ ကျော်ဝဏ္ဏ၊ လန်းဆန်းအောင်၊ ဇော်ဝင်းသိန်း၊လမင်းထွေး၊ ဟိန်းဇော်နိုင်၊သာယာဝင်းထက်၊ဖြိုးသန့်ကိုကို၊စွမ်းထက်၊ သိန်းဇော်သီဟ၊ ခန့်ဇင်ဟိန်းတို့ဖြင့် ပွဲထွက်ခဲ့သည်။
မြန်မာအသင်းသည် ယခုပွဲအနိုင်ရမှ ဆီမီးတက်ရေး အခွင့်အရေးရှိမည်ဖြစ်သောကြောင့် ပွဲအစကတည်းက အာရုံစူးစိုက်မှုအပြည့်ဖြင့် က စားခဲ့သည်။ ပွဲချိန် (၃) မိနစ်နှင့် (၆) မိနစ်တို့တွင် ဖိလစ်ပိုင်နောက်တန်း အားနည်းချက်ကို အခွင့်ကောင်းယူပြီး စွမ်းထက်နှင့် သိန်းဇော်သီဟတို့က မြန်မာအသင်းအတွက် ဦးဆောင်ဂိုးနှစ်ဂိုး သွင်းယူပေးခဲ့သည်။
ပွဲချိန် (၂၉)မိနစ်တွင် ရို့စ်ကွီလိုက အဝေးကန်ချက်ဖြင့် ဖိလစ်ပိုင်အသင်းအတွက် ပထမချေပဂိုး သွင်းယူခဲ့သော်လည်း ပွဲချိန်(၄၁) မိနစ်တွင် ဇော်ဝင်းသိန်းက မြန်မာအသင်းအတွက် တတိယဂိုးသွင်းယူခဲ့သဖြင့် ပွဲချိန်ပထမပိုင်းအပြီးတွင် မြန်မာအသင်းက (၃-၁) ဂိုး အနိုင်ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင် ဖိလစ်ပိုင်အသင်းက ချေပဂိုးရရှိရေး တိုက်စစ်အရှိန်မြှင့်ခဲ့သော်လည်း မြန်မာအသင်းက ကစားသမား အပြောင်းအလဲများ ပြုလုပ်ကာ အမှားအယွင်းမရှိ ကစားနိုင်သဖြင့် ပွဲအပြီးတွင် (၃-၁) ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။အုပ်စု(က) အခြားပွဲစဉ်များတွင် ဗီယက်နမ်က ဘရူနိုင်းကို (၄-၀)ဂိုးဖြင့် အနိုင်ရခဲ့ပြီး အိမ်ရှင် အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့ပွဲမှာ ဂိုးမရှိ သရေကျခဲ့သည်။
မြန်မာ ယူ- ၁၉ အသင်းသည် ဇူလိုင် ၈ ရက်တွင် ဗီယက်နမ်၊ ဇူလိုင် ၁၀ ရက်တွင် အင်ဒိုနီးရှားအသင်းတို့နှင့်ဆက်လက် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။
GROUP (A) STANDING
Pos | Team | Pld | W | D | L | GF | GD | Pts |
---|---|---|---|---|---|---|---|---|
1 | VIETNAM | 3 | 2 | 1 | 0 | 8 | +7 | 7 |
2 | THAILAND | 3 | 2 | 1 | 0 | 4 | +4 | 7 |
3 | MYANMAR | 3 | 2 | 0 | 1 | 10 | +6 | 6 |
4 | INDONESIA | 3 | 1 | 2 | 0 | 7 | +7 | 5 |
5 | PHILIPPINES | 3 | 0 | 0 | 3 | 2 | −6 | 0 |
6 | BRUNEI | 3 | 0 | 0 | 3 | 0 | −18 | 0 |