အာဆီယံ ယူ- ၁၉တွင် ဖိလစ်ပိုင်ကို အနိုင်ယူခဲ့သည့် မြန်မာအသင်း
July 6, 2022AFC Futsal Level – 2 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ
July 7, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥပဒေပြုရေး ကော်မတီ အစည်းအဝေး MFF Legal Committee Meeting ကို ဇူလိုင်လ ၆ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ MFFဥပဒေပြုရေး ကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းစိန်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ MFF ဥပဒေပြုရေး ကော်မတီ ဒု-ဥက္ကဋ္ဌ ဦးသန်းထွန်း၊ ကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်မင်းနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
MFF ဥပဒေပြုရေး ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ လမ်းညွှန်ချက်အရ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမည့် စည်းမျဉ်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ စည်းမျဉ်းအရ တိုင်းဒေသကြီး/ပြည်နယ် ဘောလုံးအဖွဲ့ချုပ် ဖွဲ့စည်းပုံ စည်းမျဉ်း မူကြမ်းကို တင်ပြခြင်း အစရှိသည့် ကိစ္စရပ်များကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာသည့် MFF ဥပဒေပြုရေး ကော်မတီ အဖွဲ့ဝင်များက ကော်မတီ၏ လုပ်ဆောင်ချက်များကို ရှင်းလင်းတင်ပြခြင်း၊ ကော်မတီမှ တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီးနောက် အစည်းအဝေး ရုတ်သိမ်းခဲ့သည်။