မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF Legal Committee Meeting ကျင်းပ
July 7, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီအစည်းအဝေး (၂ / ၂၀၂၂) ကျင်းပ
July 8, 2022အာရှ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level – 2 Coaching Certificate Course သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၇ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ သင်တန်း နည်းပြဆရာ ထိုင်းလူမျိုး Mr. Bunlert Cheowarang၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ MFFမှ တာဝန်ရှိသူများ၊ လက်ထောက် သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီ ဒုဥက္ကဋ္ဌ ဦးနိုင်သောင်းထိုက်နှင့် သင်တန်းနည်းပြဆရာ Mr. Bunlert Cheowarang တို့က သင်တန်းအဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
AFC Futsal Level – 2 Coaching Certificate Course သင်တန်းကို ဇူလိုင် ၇ ရက်မှ ၁၃ ရက်အထိ ဖွင့်လှစ်သွားမည် ဖြစ်ပြီးသင်တန်းသား ၁၂ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်လျက်ရှိသည်။