AFC Futsal Level – 2 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ
July 7, 2022အာဆီယံ ယူ- ၁၉ တွင် ဗီယက်နမ်ကို မြန်မာအသင်း ရူံးနိမ့်
July 8, 2022
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ကော်မတီ အစည်းအဝေး (၂ / ၂၀၂၂) ကို ဇူလိုင် ၈ရက် မနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ နာယကများဖြစ်ကြသော ဦးတင်အောင်(ဂိုး)၊ ဦးဘန်နီတင်အောင်၊ နည်းစနစ်ကော်မတီ ဥက္ကဋ္ဌ ဦးသန်းတိုးအောင်၊ ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် နည်းစနစ်ကော်မတီ အဖွဲ့ဝင်များက တက်ရောက်ခဲ့ကြသည်။
နည်းစနစ်ကော်မတီဥက္ကဋ္ဌ ဦးသန်းတိုးအောင် က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အမျိုးသား၊အမျိုးသမီး သက်တမ်းအလိုက်လက်ရွေးစင်အသင်းများတွင် နည်းပြချုပ်များ ခန့်အပ်ထားမှုအပေါ် တင်ပြခြင်း၊ ၂၀၂၂ခုနှစ်အတွင်းကျင်းပခဲ့သည့် နိုင်ငံတကာပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက်အသင်းများ၏ ရလဒ်များ၊ ဆက်လက်ကျင်းပသွားမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၏ ပြင်ဆင်လေ့ကျင့်မှုများ ၂၀၂၂ခုနှစ်အတွင်း လက်ရွေးစင်အသင်းများအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ အသုံးပြုခဲ့သော ငွေစာရင်းရှင်းတမ်း အချက်အလက်များကို အထွေထွေအတွင်းရေးမှူးဦးကိုကိုသိန်း မှ တက်ရောက်လာသော နည်းစနစ်ကော်မတီ အဖွဲ့ဝင်များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်မှ သက်တမ်းအလိုက် လက်ရွေးစင်အသင်းများ၏ရလဒ်များအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်လုပ်ဆောင်သွားမည့် အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့ပါသည်။ လူငယ်ကစားသမားများထွက်ပေါ်လာရန်အတွက် ယူ-၁၄ ပြိုင်ပွဲများကို အထက်မြန်မာပြည်/ အောက်မြန်မာပြည် ခွဲကျင်းပရန်၊ Coaches Education အတွက်ပြည်တွင်း၌ နည်းပြသင်တန်းများ ပိုမိုဖွင့်လှစ်နိုင်ရန်၊ Youth Development အစီအစဉ်အနေဖြင့် ဘောလုံးအကယ်ဒမီများမှ ကစားသမား ၁၅၀ ကျော်ကို စနစ်တကျလေ့ကျင့်ပေးသွားရန်၊ မြန်မာ့လက်ရွေးစင် ယူ-၁၉အသင်းနှင့် ယူ-၁၆ အသင်းတို့အတွက် ပြိုင်ပွဲအတွေ့အကြုံပိုမိုရရှိရန်အတွက် လာမည့်ဩဂုတ်လမှ နိုဝင်ဘာလအတွင်းကျင်းပမည့် MNL-2 ပြိုင်ပဲွတွင် ဝင်ရောက်ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
နည်းစနစ်ကော်မတီ ဥက္ကဌဦးသန်းတိုးအောင် က လက်ရွေးစင်အသင်းများရလဒ်ကောင်းများရရှိရေးသည် အရည်အချင်းရှိသော မျိုးဆက်သစ်လူငယ်ကစားသမားအပေါ်အခြေခံနေသောကြောင့် Grassroots Development ကို စနစ်တကျပြုလုပ်သွားရန်၊ လာမည့်နှစ်များအတွင်း ပြည်တွင်းနည်းပြများအတွက် ပရိုလိုင်စင်သင်တန်းများတက်ရောက်ခွင့် ရရရှိရန်တင်ပြဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာသော နည်းစနစ်ကော်မတီအဖွဲ့ဝင်များမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။