ကမ္ဘောဒီးယားကို အနိုင်ယူပြီး နိုင်ပွဲဆက်ခဲ့သည့် မြန်မာအမျိုးသမီးအသင်း
July 9, 2022တတိယမြောက် နိုင်ပွဲအဖြစ် လာအိုအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
July 11, 2022အာဆီယံ ယူ- ၁၉ အမျိုးသား ချန်ပီယံရှစ် (AFF U-19 Boys Championship) ပြိုင်ပွဲအုပ်စု(က)၏ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာယူ -၁၉ အသင်း နှင့် အိမ်ရှင်အင်ဒိုနီးရှား ယူ-၁၉ အသင်းတို့ ယနေ့ (ဇူလိုင်၁၀)တွင် အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့ရှိ Patriot ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှား ယူ- ၁၉ အသင်းက (၅-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ဟိန်းထက်စိုး(ဂိုး)၊ မျိုးမင်းဟိန်း၊လန်းဆန်းအောင်၊မင်းမင်းထွန်း၊ အာကာကျော်၊ ဇော်ဝင်းသိန်း၊ချစ်အေး၊ လမင်းထွေး၊ ခွန်အောင်စိုး၊ ဉက္ကာနိုင်၊ သိန်းဇော်သီဟ တို့ဖြင့် ပွဲထွက်ကာ အင်ဒိုနီးရှားအသင်းအား ရင်ဆိုင်ခဲ့သည်။မြန်မာအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် (၈) မိနစ်တွင် အသင်းခေါင်းဆောင် လမင်းထွေးက ခေါင်းတိုက်ပြီး သွင်းယူခဲ့သည်။
သို့သော် အင်ဒိုနီးရှားအသင်းက မြန်မာအသင်း ခံစစ်အားနည်းချက်ကို ပထမပိုင်းတွင် (၄)ဂိုး ပြန်သွင်းခဲ့သည်။ အင်ဒိုနီးရှားအတွက် ဂိုးများကို ပွဲချိန် (၁၈)မိနစ်နှင့် (၃၂)မိနစ်တွင် ဖာရာရီ၊ ပွဲချိန် (၂၆)မိနစ်တွင် အာခန်၊ ပွဲချိန် (၃၄)နစ်တွင် ရက်ဘာနီတို့က သွင်းယူခဲ့ပြီး ပထမပိုင်းအပြီးတွင်မြန်မာအသင်းကို (၄-၁)ဂိုး အနိုင်ရလဒ်ဖြင့် ဦးဆောင်ကစားခဲ့သည်။
ဒုတိယပိုင်းတွင်လည်း အင်ဒိုနီးရှားက ခြေစွမ်းအသာဖြင့် ကစားသွားခဲ့ပြီး ပွဲချိန် (၇၃) မိနစ်တွင် ရော်နယ်ဒိုက ပဉ္စမအနိုင်ဂိုး သွင်းယူခဲ့သည်။
အုပ်စု(က) အခြားပွဲစဉ်များတွင် ဖိလစ်ပိုင်က ဘရူနိုင်းကို (၅-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ထိုင်းနှင့် ဗီယက်နမ်တို့ပွဲမှာ (၁-၁)ဂိုး သရေကျခဲ့သည်။
အုပ်စု(က) ပွဲစဉ်များအပြီးတွင် ဗီယက်နမ်၊ထိုင်း၊ အင်ဒိုနီးရှားတို့မှာ (၁၁)မှတ်စီတူနေသဖြင့် ယင်းသုံးသင်း ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ပြီးဆုံးဖြတ်ရာ ထိပ်တိုက်တွေ့ဆုံမှု အသာရသည့် ဗီယက်နမ်နှင့် ထိုင်းတို့ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။
Group A ပွဲစဉ်များအပြီး ရပ်တည်မှု
Pos | Team | Pld | W | D | L | GF | GA | GD | Pts |
---|---|---|---|---|---|---|---|---|---|
1 | VIETNAM | 5 | 3 | 2 | 0 | 12 | 3 | +9 | 11 |
2 | THAILAND | 5 | 3 | 2 | 0 | 7 | 1 | +6 | 11 |
3 | INDONESIA | 5 | 3 | 2 | 0 | 17 | 2 | +15 | 11 |
4 | MYANMAR | 5 | 2 | 0 | 3 | 12 | 12 | 0 | 6 |
5 | PHILIPPINES | 5 | 1 | 0 | 4 | 8 | 13 | −5 | 3 |
6 | BRUNEI | 5 | 0 | 0 | 5 | 0 | 25 | −25 | 0 |
Head-to-head results
Vietnam 0–0 Indonesia, Indonesia 0–0 Thailand, Vietnam 1–1 Thailand.
Head-to-head standings
- Vietnam: 2 pts, 0 GD, 1 GF
- Thailand: 2 pts, 0 GD, 1 GF
- Indonesia: 2 pts, 0 GD, 0 GF