တတိယမြောက် နိုင်ပွဲအဖြစ် လာအိုအသင်းကို အနိုင်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း
July 11, 2022မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ အစည်း အဝေး ကျင်းပ
July 13, 2022မြန်မာနိုင်ငံဘောလုံး (MFF) အဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကို ဇူလိုင် ၁၃ ရက် နံနက်ပိုင်းက MFF အစည်းအဝးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒု-ဥက္ကဋ္ဌ ဦးထောင်ထာထန်း၊ MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ အဖွဲ့ဝင် ဦးလှမြင့်လတ်၊ ဉီးထွန်းထွန်း၊ ဒိုင်လုပ်ငန်းဌာန တာဝန်ခံ ဦးလှမင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းက ဒိုင်ဌာန၏ လိုအပ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အစည်းအဝေးတွင် ဒိုင်ဌာန တာဝန်ခံ ဦးလှမင်းက ဒိုင်ဌာန၏ ဖွဲ့စည်းပုံများ၊ အာရှနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်များတွင် တာဝန်ထမ်းဆောင် လျက်ရှိသော ဒိုင်ကြီးကြပ်၊ ကွင်းလယ်ဒိုင်လူကြီးများ၊ အကူဒိုင်လူကြီးများ စာရင်းကို တင်ပြခြင်း၊ ၂၀၂၂ ခုနှစ်အတွင်း ပြုလုပ်မည့် ဒိုင်အလုပ်ရုံဆွေးနွေးပွဲများ၊သင်တန်း များ၊ ဒိုင်ဌာနမှ အသုံးပြုရန် အသုံးစရိတ်လျာထားချက်များ၊ ဘောလုံးအဖွဲ့ချုပ်မှ ဒိုင်လူကြီး အကယ်ဒမီ ဖွင့်လှစ်မည့်အစီအစဉ်များကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်သူများက တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။