
ဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ အစည်းအဝေးကျင်းပ
July 13, 2022
AFC Futsal Level – 2 Coaching Certificate Course သင်တန်းဆင်းပွဲကျင်းပ
July 13, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ (၁/၂၀၂၂) အစည်းအဝေးကို ဇူလိုင် (၁၃) ရက်နေ့လယ်က သုဝဏ္ဏဘောလုံးကွင်းရှိ သတင်းစာ ရှင်းလင်းပွဲခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဒု- ဥက္ကဋ္ဌ ဦးအောင်မျိုးရှိန်နှင့် ဦးပြည့်ဖြိုးဟန်၊ MFF အထွေထွေ အတွင်း ရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ ကော်မတီ အဖွဲ့ဝင် ဦးထွန်းထွန်းဦး၊ ဦးလင်းသစ်လွင်မော်၊ မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်နှင့် မြန်မာနိုင်ငံဘော လုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကော်မတီ အစည်းအဝေးတွင် ရှေးဦးစွာ မီဒီယာနှင့် သတင်းဆက်သွယ်ရေး ကော်မတီ ဒု- ဥက္ကဋ္ဌ ဦးအောင်မျိုးရှိန်က အဖွင့်အမှာစကား ပြောကြားပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လုပ်ဆောင်နေသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတွင် မီဒီယာဌာန တာဝန်ခံ ဦးဇော်မင်းထိုက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ၂၀၂၁ ဒီဇင်ဘာမှ ၂၀၂၂ ဇူလိုင်လအထိ ပြုလုပ်ခဲ့သည့် လုပ်ငန်းဆောင်တာများ၊ လက်ရွေးစင်အသင်းများ ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲများ၊ MFF Communication Channelsများ နှင့် MFF Application အခြေအနေများကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းနောက် အစည်းအဝေးတက်ရောက်သူများက တင်ပြထားသော အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။