ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေးကျင်းပ
July 15, 2022စန်းသော်သော် သွင်းဂိုးများဖြင့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်တွင် တတိယရခဲ့သည့် မြန်မာအသင်း
July 17, 2022အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲစဉ် အဖြစ် ဇူလိုင် ၁၅ရက် မြန်မာစံတော်ချိန် နေ့လယ် ၂နာရီ ၃၀မိနစ် ဖိလစ်ပိုင်နိုင်ငံ Rizal Memorial အားကစားကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ပွဲစဉ်တွင် ထိုင်းအသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် မေဇင်နွယ်၊ ခင်သန်းဝေ၊ ချစ်ချစ်၊ ဖြူဖြူဝင်း၊ နန့်ဇူဇူးထက်၊ ခင်မာလာထွန်း၊ နော်ထက်ထက်ဝေ၊ ခင်မိုမိုထွန်း၊ မြတ်နိုးခင်၊ စန်းသော်သော်၊ ဝင်းသိင်္ဂီထွန်း တို့ဖြင့်ပွဲထွက်ခဲ့သည်။
ပွဲကစားချိန် ပထမပိုင်းတွင် မြန်မာအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီးဖြင့် ထိုင်းအသင်းဘက်သို့ ဖိအားပေးကစားနိုင်ခဲ့သော်လည်း တိုက် စစ်မှ ထိရောက်သည့် ဂိုးသွင်းခွင့်များကို အသုံးချနိုင်ခြင်းမရှိ၍ ဂိုးရရှိခြင်း မရှိဘဲ ပထမပိုင်း သာမန်ပွဲကစားချိန် ၄၅မိနစ်အပြီး ထပ်ဆောင်း အချိန်ပို ၂မိနစ်တွင် ထိုင်းအသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် တိုက်စစ်မှူး Kanyanat Chetthabut မှ အဖွင့်ဂိုးရယူပေးခဲ့ပြီး ပထမပိုင်းအပြီးတွင် ထိုင်းအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်သည့်အချိန်တွင် မြန်မာအသင်း ချေပဂိုး ပြန်လည်ရရှိအောင် ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့သော်လည်း အ ဆုံးသတ် အားနည်းသည့်အတွက် ဂိုးရရှိခဲ့ခြင်း မရှိဘဲ ထိုင်းအသင်းမှ တန်ပြန်တိုက်စစ်ဖြင့် ဂိုးပေါက်ကန်သွင်းမှူများ ပြန်လည်ပြုလုပ်ခဲ့ပြီး ပွဲချိန် ၈၂ မိနစ်တွင် လူစားဝင်ကစားသမား Saowalak မှ ထိုင်းအသင်းအတွက် ဒုတိယဂိုးကို ထပ်မံသွင်းယူပေးခဲ့ကာ ပွဲပြီးဆုံးချိန်တွင် ထိုင်းအသင်းက ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည်။
“ဒီပွဲမှာ ပိုကောင်းတဲ့အသင်းက အနိုင်ရရှိခဲ့တာပါ။ ဗိုလ်လုပွဲကိုတက်ရောက်ခဲ့တဲ့ ထိုင်းအသင်းအတွက် ဂုဏ်ယူပါတယ်။ ပွဲအတွင်းမှာ ဂိုးရရှိမဲ့ အခြေအနေတွေ အများအပြားရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။ တိုက်စစ်၊ ခံစစ်အပါအဝင် အသင်းရဲ့ အားနည်းချက်တွေကို တတိယလုပွဲမတိုင်ခင်မှာ ပြင်ဆင်ပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားပါမယ်” ဟု မြန်မာအသင်း နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာအသင်းအနေဖြင့် တတိယလုပွဲကို ဇူလိုင်လ ၁၇ရက်နေ့ မြန်မာစံတော်ချိန်နေ့ ၂နာရီ ၃၀မိနစ်တွင် ဖိလစ်ပိုင်-ဗီယက်နမ်အသင်းတို့ ပွဲစဉ်မှ ရှုံးနိမ့်သည့် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။