အာဆီယံချန်ပီယံရှစ် ဆီမီးသို့ အုပ်စု ဒုတိယနေရာမှ တက်ရောက်ခဲ့သည့် မြန်မာ အမျိုးသမီးအသင်း
July 13, 2022ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီ အစည်းအဝေးကျင်းပ
July 15, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေး ကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ဇူလိုင် ၁၅ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ဝါးတန်းလမ်းရှိ Apline ရုံးချုပ်တွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်၊ ဘောလုံးအဖွဲ့ချုပ် အကြံပေး ဦးဘန်နီတင်အောင် နှင့် ကော်မတီဝင် ဦးမင်းလှိုင်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို စတင်ခဲ့သည်။ ဆက်လက်၍ အစည်း အဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် တစ်နှစ်တာ ဘဏ္ဍာရေး လျာထားချက်များ၊ ၂၀၂၁ခုနှစ်အတွင်း အသုံးပြုခဲ့သော ၀င်ငွေ ထွက်ငွေ ရှင်းတမ်းများ၊ ၂၀၂၂ခုနှစ် အတွက် ၀င်ငွေ/ထွက်ငွေ စာရင်းရှင်းတမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာရရှိမှုများနှင့် စပွန်ဆာရရှိရေး ကြိုးပမ်းမှုများ၊ မြန်မာ့လက်ရွေးစင်အသင်း အသီးသီးအတွက် အသုံးစရိတ်လျာထားချက်များနှင့် ပတ်သက်၍ ကော်မတီဝင်များက ဆွေးနွေးခဲ့သည်။