စန်းသော်သော် သွင်းဂိုးများဖြင့် အာဆီယံ အမျိုးသမီးချန်ပီယံရှစ်တွင် တတိယရခဲ့သည့် မြန်မာအသင်း
July 17, 2022အမျိုးသမီးဘောလုံး ကော်မတီအစည်းအဝေး ကျင်းပ
July 20, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် လူငယ်ပြိုင်ပွဲကျင်းပရေးကော်မတီ (Youth Competition Committee) အစည်းအဝေး (၁ / ၂၀၂၂) ကို ဇူ လိုင် ၁၈ရက် မနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ကော်မတီဥက္ကဋ္ဌ ဦးမင်းလှိုင်၊ ဒုတိယ ဥက္ကဋ္ဌ များဖြစ်သည့် ဦးကိုကိုဌေး နှင့် ဦးထောင်ထာထန်း၊ အဖွဲ့ဝင် မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအဖွင့်အမှာစကားကို ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားခဲ့ပြီးနောက် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ၂၀၂၂ခုနှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေသည့် အမျိုးသား၊ အမျိုးသမီး သက်တမ်းအလိုက် လက်ရေးစင်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများ၊ အာရှခြေစစ်ပွဲစဉ်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကျင်းပသွားရန် ရှိနေသည့် ပြည်တွင်းလူငယ်ပြိုင်ပွဲများအကြောင်းကို ရှင်း လင်းပြောကြားခဲ့သည်။
ထို့နောက် ယခုနှစ်အတွင်း ယူ-၁၄ လူငယ်ပြိုင်ပွဲကို အထက်မြန်မာပြည်၊ အောက်မြန်မာပြည် ခွဲပြီး ကျင်းပသွားမည် ဖြစ်သလို အမျိုးသား၊အမျိုးသမီး ယူ-၁၂၊ ယူ-၁၃ တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲများကိုလည်း ကျင်းပသွားရန် စီစဉ်ထားကြောင်း ဆွေးနွေးခဲ့ကြသည်။