အာဆီယံ ချန်ပီယံရှစ် ၀င်ရောက်ယှဉ်ပြိုင်ရန် မြန်မာအမျိုးသမီး ယူ-၁၈အသင်း အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာ
July 21, 2022AFC Futsal Level – 1 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ
July 23, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်ကော်မတီနှင့် ဒိုင်လုပ်ငန်းဌာနတို့ ပူးပေါင်းကျင်းပသည့် ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးလှမင်းနှင့် တာဝန်ရှိသူများ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်တို့က အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။
ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသော ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများကို တစ်ဦးချင်းစီ မိတ်ဆက်ပေးကြပြီးနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) ကို ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။
ထိုအလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၂ ဘောလုံးရာသီအတွင်း ကျင်းပမည့် ပြိုင်ပွဲများ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနမှ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ အရည်အချင်း တိုးတက်လာစေရန် ကျင်းပခြင်းဖြစ်သည်။
MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) သို့ ဒိုင်ကြီးကြပ် ၉ ဦး၊ ကွင်းလယ်ဒိုင် ၇ ဦးနှင့် အကူဒိုင် ၆ ဦးတို့ တက်ရောက်ဆွေးနွေးနေပြီး (Group III) ဆွေးနွေးပွဲကိုလည်း ဩဂုတ်လ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။