Referee Workshop For 2022 (Group II) ပြီးဆုံးခြင်း အခမ်းအနားကျင်းပ
July 24, 2022အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် မြန်မာအသင်း
July 25, 2022အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် ဇူလိုင်၂၂ ရက်မှ ဩဂုတ် ၄ရက် အထိ ကျင်းပပြုလုပ်မည့် အာဆီယံ ယူ- ၁၈ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ (AFF U-18 Women’s Championship 2022) အုပ်စု(ခ) ၏ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းက Harper Hotel တွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာအမျိုးသမီး ယူ – ၁၈ အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်း နှင့် အုပ်စု(ခ) ပြိုင်ပွဲဝင်အသင်းများဖြစ်သည့် မလေးရှား၊ ဖိလစ်ပိုင် နှင့် ဩစတြေးလျအသင်းများမှ နည်းပြချုပ်များ တက်ရောက်ခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
မြန်မာအမျိုးသမီး ယူ – ၁၈ အသင်းနည်းပြချုပ် ဒေါ်သက်သက်ဝင်းက ” ဒီပြိုင်ပွဲအတွက် နှစ်လကျော်အချိန်ယူပြီး စနစ်တကျပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ ခြေစမ်းပွဲတွေ ကစားခွင့်မရခဲ့ပေမယ့် အကောင်းဆုံးပြင်ဆင်ထားပြီး အသင်းအပေါ်အားရကျေနပ်မှုရှိပါတယ်။ ပွဲစဉ်တိုင်းကို အာရုံစိုက်ပြီးအကောင်းဆုံးကစားသွားမှာပါ ” ဟု ပြောကြားခဲ့သည်။ မလေးရှားနှင့် ယှဉ်ပြိုင်ကစားရမည့် အဖွင့်ပွဲစဉ်အတွက် မီဒီယာတစ်ဦး၏ မေးမြန်းမှုကို ဒေါ်သက်သက်ဝင်းက” ပြိုင်ဘက် မလေးရှားအသင်းကို လေးစားမှုအပြည့်နဲ့ယှဉ်ပြိုင်သွားမှာပါ။ အဖွင့်ပွဲစဉ်ဖြစ်တဲ့အတွက် အနိုင်သုံးမှတ်ရရှိအောင် ကြိုးစားသွားမှာပါ ” ဟု ဖြေကြားခဲ့သည်။
မြန်မာအမျိုးသမီး ယူ- ၁၈ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၅ ရက်တွင် မလေးရှားအသင်းနှင့် မြန်မာစံတော်ချိန် ည ၇နာရီတွင် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်တွင် ဖိလစ်ပိုင်၊ ဇူလိုင် ၂၉ရက်တွင် ဩစတြေးလျ အသင်းတို့နှင့်
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။