AFC Futsal Level – 1 Coaching Certificate Course ဖွင့်ပွဲ အခမ်းအနားကျင်းပ
July 23, 2022အာဆီယံ အမျိုးသမီး ယူ- ၁၈ ပြိုင်ပွဲ အုပ်စု(ခ)ပွဲကြို သတင်းစာ ရှင်းလင်းပွဲပြုလုပ်
July 24, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်ကော်မတီနှင့် ဒိုင်လုပ်ငန်းဌာနတို့ ပူးပေါင်းကျင်းပသည့် ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) ပြီးဆုံးခြင်း အခမ်းအနားကို ဇူလိုင် ၂၄ ရက် နံနက် (၁၀)နာရီက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် ဌာနတာဝန်ခံများ၊ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင် တို့က အမှာစကား ပြောကြားခြင်းများ ပြောကြားခဲ့ကြပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ယင်းနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးခြင်းပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) ကို ဇူလိုင် ၂၂ ရက်မှ ၂၄ ရက်အထိ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ဘောလုံးရာသီအတွင်း ကျင်းပမည့် ပြိုင်ပွဲများ၌ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာနမှ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ အရည်အချင်း တိုးတက်လာစေရန် ကျင်းပခြင်းဖြစ်သည်။
MFF Referee Assessor, Referee and Assistant Referee Workshop For 2022 (Group II) သို့ ဒိုင်ကြီးကြပ် ၉ ဦး၊ ကွင်းလယ်ဒိုင် ၇ ဦးနှင့် အကူဒိုင် ၆ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး (Group III) ဆွေးနွေးပွဲကိုလည်း လာမည့် ဩဂုတ်လ ၈ ရက်မှ ၁၀ ရက်ထိ ကျင်းပပြုလုပ်ရန် စီစဉ်ထားသည်။