အာဆီယံ အမျိုးသမီး ယူ- ၁၈ ပြိုင်ပွဲ အုပ်စု(ခ)ပွဲကြို သတင်းစာ ရှင်းလင်းပွဲပြုလုပ်
July 24, 2022မြန်မာအမျိုးသမီး ယူ-၁၈ အသင်း ၂ ပွဲဆက် အနိုင်ဖြင့် ရမှတ်(၆)မှတ်ရရှိ
July 27, 2022အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု(ခ) အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင် ၂၅ရက် က Athletic Stadium တွင် မြန်မာနှင့်မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။
မြန်မာအသင်း၏ နည်းပြချုပ် ဒေါ်သက်သက်ဝင်းက ပွဲထွက်လူစာရင်းတွင် မေဦးခင်(ဂိုး)၊ နောက်တန်းတွင် ရွှန်းလဲ့နိုင်၊ ကြယ်စင်၊ ဖြူဖြူဝင်း၊ မေသက်မွန်မြင့်၊ အလယ်တန်းတွင် ဝေဟင်ဖြိုး၊ နန်းချိုမွှေး၊ ဝေဖူးအိမ်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့် တို့ကို အသုံးပြုခဲ့ပြီး ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်လာခဲ့ပါသည်။
မြန်မာအသင်းသည် ပွဲချိန်တလျောက်လုံး မလေးရှားအသင်းဘက်သို့ဖိအားပေးကစားနိုင်ခဲ့သော်လည်း ကစားသမားများ၏ ဂိုးရရန် စိတ်လောနေခဲ့ခြင်းကြောင့် အပိုင်အခွင့်အရေးများ မဖန်တီးနိုင်ခဲ့ဘဲ အဖွင့်ဂိုးရရှိရန် ပွဲချိန် ၆၀မိနစ်အထိ ရုန်းကန်ခဲ့ရသည်။ မြန်မာအသင်းအတွက် အဖွင့်ဂိုးကို လူစားဝင်တိုက်စစ်မှူး စုမြတ်နိုးက ပွဲချိန် ၆၀မိနစ်တွင် သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကို နောက်ခံလူ မေသက်မွန်မြင့်က အဝေးကန်ချက်ဖြင့် ပွဲချိန် ၈၂မိနစ်တွင် သွင်းယူပေးခဲ့သည်။
အုပ်စု(ခ)၏ အစောပိုင်းပွဲစဉ်တစ်ပွဲဖြစ်သော ဩစတြေးလျနှင့် ဖိလစ်ပိုင် အသင်းတို့ပွဲစဉ်တွင် ဩစတြေးလျအသင်းက ၄-၀ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၈ အသင်းသည် အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် ဇူလိုင် ၂၇ရက် မြန်မာစံတော်ချိန် ၃နာရီတွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။