
မြန်မာအမျိုးသမီး ယူ-၁၈ အသင်း ၂ ပွဲဆက် အနိုင်ဖြင့် ရမှတ်(၆)မှတ်ရရှိ
July 27, 2022
ဩစတြေးလျကို အရေးနိမ့်ခဲ့သော်လည်း ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည့် မြန်မာအမျိုးသမီး ယူ-၁၈ အသင်း
July 29, 2022အာရှဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level – 1 Coaching Certificate Course သင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၂၈ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ရဲမွန်ထွဋ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာ Mr. Bunlert Cheowarang ၊ ဖူဆယ်နှင့်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ လက်
ထောက် သင်တန်းဆရာများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နည်းစနစ် ဒါရိုက်တာ ဦးတင်မြင့်အောင်၊ ဖူဆယ်နှင့် သဲသောင်ပြင် ကော်မတီ ဥက္ကဋ္ဌဒေါက်တာ ရဲမွန်ထွဋ်၊ သင်တန်းနည်းပြ ဆရာ Mr. Bunlert Cheowarangတို့က သင်တန်းဆင်း အမှာစကား အသီးသီး ပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

ဆက်လက်၍ သင်တန်းသားများက သင်တန်းနည်းပြ ဆရာ Mr. Bunlert Cheowarangနှင့် လက်ထောက် သင်တန်းဆရာများကို အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများကို သင်တန်း ဆင်းလက်မှတ်များ ပြန်လည်ပေးအပ်ခဲ့ကြသည်။

ထို့နောက် သင်တန်းဆင်းပွဲသို့တက်ရောက်လာသော တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြကာအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

AFC Futsal Level – 1 Coaching Certificate Course သင်တန်းကို ဇူလိုင် ၂၃ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၁၇ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်ခဲ့ကြသည်။