AFC Futsal Level – 1 Coaching Certificate Course သင်တန်းဆင်းပွဲကျင်းပ
July 28, 2022အာဆီယံယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း လူစာရင်း ထုတ်ပြန်
July 29, 2022အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဇူလိုင် ၂၉ရက် က Athletic Stadium တွင် မြန်မာနှင့် ဩစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
မြန်မာအသင်းသည် အုပ်စုပွဲစဉ် နှစ်ပွဲဆက် အနိုင်ရရှိထားခြင်းကြောင့် ရမှတ် ၆ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှ ဆီမီးဖိုင်နယ် သို့တက်ရောက်နိုင်ခဲ့သည်။ ယခုပွဲစဉ်တွင် နည်းပြချုပ် ဒေါ်သက်သက်၀င်းက အဓိက ကစားသမားအများစုကို အနားပေးခဲ့သည်။
ပွဲအစ ၃မိနစ်တွင် ဩစတြေးလျအသင်း ဦးဆောင်ဂိုးရရှိခဲ့သော်လည်း ပွဲချိန်၂၃ မိနစ်တွင် ဇင်မိုးပြည့်မှ အလွတ်တည်ကန်ဘော မှတဆင့် မြန်မာအသင်းအတွက် ချေပဂိုးကို လှလှပပသွင်းယူပေးခဲ့သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး လူစားလဲမှုများပြုလုပ်ခဲ့ကြပြီး ပွဲချိန် ၆၅မိနစ်တွင် ဩစတြေးလျအသင်းက အနိုင်ဂိုး ရရှိခဲ့သောကြောင့် ၂-၁ ဂိုးရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။
အုပ်စု(ခ)တွင် ဩစတြေးလျအသင်းက ရမှတ် ၉ မှတ်၊ မြန်မာအသင်းက ရမှတ် ၆မှတ်ဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ ဩဂုတ် ၂ရက်တွင် ကျင်းပမည့် ဆီမီးဖိုင်နယ်ပွဲစဉ်တွင် မြန်မာ ယူ-၁၈ အသင်းသည် အုပ်စု(က)၏ အုပ်စုဗိုလ်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ အုပ်စု(က)တွင် ဗီယက်နမ်နှင့် ထိုင်း အသင်းတို့က ဆီမီးဖိုင်နယ် တက်ရောက်ရန် အလားအလာကောင်းနေသည်။