အာဆီယံယူ-၁၆ ပြိုင်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း လူစာရင်း ထုတ်ပြန်
July 29, 2022အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်
August 1, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရန်အတွက် အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့သို့ ယနေ့ (ဇူလိုင် ၃၀ ရက်) တွင် ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းတွင် အုပ်ချုပ်/နည်းပြ အဖွဲ့ဝင် ၈ ဦး၊ ကစားသမား ၂၈ ဦးပါဝင်ပြီး အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (C)တွင် ဩစတြေးလျ၊ မလေးရှား၊ ကမ္ဘောဒီးယား အသင်းတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အနေဖြင့် ဩဂုတ် ၂ ရက် မြန်မာစံတော်ချိန် နေ့လယ် (၂:၃၀) နာရီတွင် ဩစတြေးလျ၊ ဩဂုတ် ၅ ရက် ည ၆:၃၀ နာရီတွင် မလေးရှား၊ ဩဂုတ် ၈ ရက် နေ့လယ် (၂:၃၀) နာရီတွင် ကမ္ဘောဒီးယားတို့နှင့် ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အုပ်ချုပ်/နည်းပြစာရင်း
အုပ်ချုပ်သူ- ဦးညီညီလတ်
နည်းပြချုပ်- ဦးအောင်ဇော်မျိုး
လက်ထောက်နည်းပြ- ဦးပေါ်ထွန်းကျော်၊ ဦးဧရာမောင်
ဂိုးနည်းပြ- ဦးမျိုးကျော်သူ
အသင်းဆရာဝန်- ဒေါက်တာကျော်သန့်ဇင်
အသင်းမီဒီယာ- ဦးဝင်းကိုကို
အကြောကျွမ်းကျင်- ဦးသူရတိုး
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ကစားသမားစာရင်း
ဂိုး- စိုင်းသီဟနိုင်၊ ဆလိုင်းအံ့ဘွယ်မောင် (မန္တလေးအကယ်ဒမီ)၊ မြင့်မြတ်ရန်နောင် (ပုသိမ်အကယ်ဒမီ)။
နောက်တန်း- လင်းထက်ဦး၊ နေလင်းထက်၊ သူရဇော်၊ လှထွန်း (မန္တလေးအကယ်ဒမီ)၊ သက်နိုင်ဦး၊ ဟန်ထက်ဦး၊ မြတ်ဘုန်းခန့်၊ အောင်ကောင်းခန့် (၂) (ပုသိမ်အကယ်ဒမီ)၊ နေလင်းထွန်း (ISPE လွိုင်ကော်)။
အလယ်တန်း- ကောင်းခန့်ဇော်၊ ကောင်းထက်၊ ဘရန်းဒွန်းလီ၊ နေမင်းထက်၊ ဟန်ထွန်းဇော် (မန္တလေးအကယ်ဒမီ)၊ ခွန်းချိုထူး (ပုသိမ်အကယ်ဒမီ)၊ ချစ်မြတ်နိုးဦး (ရန်ကုန်တိုင်းဒေသကြီး)၊ အောင်ဇော်မျိုး (ကရင်ပြည်နယ်)။
ရှေ့တန်း- ဝေလျှံရှိုင်း၊ ပြည့်စုံအောင်၊ အောင်ကောင်းခန့် (၁) (ပုသိမ်အကယ်ဒမီ)၊ စိုင်းဇေယျာကျော် (ရန်ကုန်အကယ်ဒမီ)၊ နိုင်လား၊ ရှိုင်းဝဏ္ဏအောင်၊ ထူးဝေယံ (မန္တလေးအကယ်ဒမီ)၊ စောမျိုးဇော် (ကရင်ပြည်နယ်)။