အာဆီယံ ယူ-၁၆ ပြိုင်ပွဲဝင်ရန် မြန်မာအသင်း အင်ဒိုနီးရှားသို့ထွက်ခွာ
July 30, 2022အာဆီယံအမျိုးသမီးချန်ပီယံရှစ် ကြေးတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျပ်သိန်း(၁၀၉၀) ချီးမြှင့်
August 2, 2022အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် ကျင်းပပြုလုပ်မည့် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၁ ရက် နေ့လယ်ပိုင်းက The Rich Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။
သတင်းစာရှင်းလင်းပွဲ မတိုင်မီ Match Coordinating meeting ကို ပြုလုပ်ခဲ့ပြီး မြန်မာယူ-၁၆ အသင်း အုပ်ချုပ်သူ ဦးညီညီလတ်နှင့် လက်ထောက်နည်းပြ ဦးဧရာမောင်တို့ တက်ရောက်ခဲ့ကြသည်။
ယင်းနောက် သတင်းစာ ရှင်းလင်းပွဲကို ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးနှင့် အုပ်စု (ဂ) ပြိုင်ပွဲဝင် အသင်းများဖြစ်သော ဩစတြေးလျ၊ မလေးရှားနှင့် ကမ္ဘောဒီးယား အသင်းတို့မှ နည်းပြချုပ်များ တက်ရောက်ခဲ့ကြပြီး မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားခဲ့သည်။
မြန်မာယူ-၁၆ အသင်း နည်းပြချုပ် ဦးအောင်ဇော်မျိုးက “အသင်းကို မြန်မာဘောလုံး အကယ်ဒမီတွေနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေက ကစားသမားတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ၁၂ပတ်လောက် ရခဲ့ပါတယ်။ အကောင်းဆုံး ကြိုးစားပြင်ဆင်ပြီး ယှဉ်ပြိုင်သွားမှာပါ။ ပြိုင်ပွဲကောင်းတစ်ခု ဖြစ်ဖို့လည်း မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း အနေဖြင့် ဩဂုတ် ၂ ရက် မြန်မာစံတော်ချိန် နေ့လယ် (၂:၃၀) နာရီတွင် ဩစတြေးလျ၊ ဩဂုတ် ၅ ရက် ည ၆:၃၀ နာရီတွင် မလေးရှား၊ ဩဂုတ် ၈ ရက် နေ့လယ် (၂:၃၀) နာရီတွင် ကမ္ဘောဒီးယားတို့နှင့် ကစားရမည်ဖြစ်သည်။
အာဆီယံယူ- ၁၆ ပြိုင်ပွဲတွင် အင်ဒိုနီးရှားယူ-၁၆ အသင်း၏ ပွဲစဉ်များကိုသာ ရုပ်သံရိုက်ကူး ထုတ်လွှင့်မည် ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးမှ သိရသည်။