MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်း (Module -2) ဖွင့်ပွဲ ကျင်းပ
August 2, 2022အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ
August 2, 2022ဗီယက်နမ်နိုင်ငံ၊ဘန်ဒေါင်းမြို့၌ သြဂုတ်(၅) ရက်မှ (၁၁) ရက် အထိ ကျင်းပမည့် ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲ(International U-19 Football Tournament 2022) ဝင်မည့် မြန်မာယူ-၁၉ အသင်း လူစာရင်းကို နည်းပြချုပ် ဦးစိုးမြတ်မင်းက ထုတ်ပြန်ခဲ့သည်။
မြန်မာယူ-၁၉ အသင်းသည် ဇူလိုင်လက ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် ကစားသ မားသစ်များ ခေါ်ယူ၍ လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်ကာ ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲဝင်မည့် အပြီးသတ် ကစားသမား ၂၅ ဦးစာရင်းကိုထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲကို အိမ်ရှင်ဗီယက်နမ် အပါအဝင် မြန်မာ၊ ထိုင်း၊ မလေးရှားအသင်း(၄) သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပြိုင်ပွဲကို (၄)သင်း ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး (၂)သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃ ၊ ၄) နေရာရ အ သင်းများမှာ တတိယလုပွဲကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် (၅)ရက်တွင် ဗီယက်နမ်၊ သြဂုတ် (၇)ရက်တွင် ထိုင်း၊ သြဂုတ် (၉) ရက်တွင် မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ်(၁၁) ရက်တွင် ကျင်းပမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင်လက ကျင်းပသည့် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ အုပ်စုပွဲစဉ်တွင် ဗီယက်နမ်၊ထိုင်းအသင်းတို့နှင့် တွေ့ဆုံခဲ့ဖူးပြီး ဗီယက်နမ်အသင်းကို (၃-၁)ဂိုး၊ ထိုင်းအသင်းကို (၃-၀) ဂိုးတို့ဖြင့် အရေးနိမ့်ခဲ့သည်။ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်း တို့သည် ၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့ပြီး မလေးရှားအသင်းမှာ ချန်ပီယံဆုရရှိခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် (၃) ရက်နေ့တွင် ပြိုင်ပွဲကျင်းပရာ ဗီယက်နမ်နိုင်ငံ၊ဘန်ဒေါင်းမြို့သို့ ထွက်ခွာမည်ဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ် ခေါ်ပြိုင်ပွဲပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံတွင် စက်တင်ဘာ ၁၀ရက်မှ ၁၈ ရက်ထိ ကျင်းပမည့် အာရှ ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က)တွင် အိမ်ရှင် ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်၊ ဉဇဘက်ကစ္စတန်တို့နှင့် ယှဉ် ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း အုပ်ချုပ်/နည်းပြစာရင်း
အုပ်ချုပ်သူ- ဦးရဲဝင်းအောင်
နည်းပြချုပ်- ဦးစိုးမြတ်မင်း
လက်ထောက်နည်းပြ- ဦးမင်းမင်းထွန်း၊ ဦးစထက်နိုင်ဝင်း
ဂိုးနည်းပြ- ဦးစိန်အေး
အကြောကျွမ်းကျင်- ဦးလွင်ဦးကို
မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ကစားသမားစာရင်း
ဂိုး- ဟိန်းထက်စိုး၊ထက်အာကာဝင်း၊ အောင်ပြည့်ဖြိုး။
နောက်တန်း – လင်းလင်းထွန်း၊ လန်းဆန်းအောင်၊ ထွန်းထွန်းသိန်း၊ မျိုးမင်းဟိန်း၊ခန့်ဇင်ဟိန်း၊ ခွန်အောင်စိုး၊ လတ်ဝေဘုန်း။
အလယ်တန်း- စောသန်းကိုသန်း၊ ရဲရင့်ဖြိုး၊ အာကာကျော်၊ မိုးဆွေ၊ ဇော်ဝင်းသိန်း၊ ဉက္ကာနိုင်၊ ရဲကောင်းဆက်၊ သာယာဝင်းထက်၊
ဟိန်းဇော်နိုင်၊ ဖြိုးသန့်ကိုကို၊ ချစ်အေး။
ရှေ့တန်း – လမင်းထွေး၊ စွမ်းထက်၊ သန်းတိုးအောင်၊သိန်းဇော်သီဟ။