အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) ပွဲကြိုသတင်းစာရှင်းလင်းပွဲ ပြုလုပ်
August 1, 2022MFF နှင့် ဒိုင်ကော်မတီတို့ ပူးပေါင်း၍ FOOTBALL/ FUTSAL ဒိုင်သင်တန်း (Module -2) ဖွင့်ပွဲ ကျင်းပ
August 2, 2022အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ၂၀၂၂ (AFF Women’s Championship 2022)တွင် တတိယဆု ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုဆု တံဆိပ်နှင့်ငွေသားစုစုပေါင်း ကျပ်သိန်း(၁၀၉၀) ကို ဩဂုတ် ၁ရက်က နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)တွင် ကျင်းပခဲ့သည့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဖွဲ့စည်းခြင်း(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးနေဝင်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်း များတက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်မှ ပါရဂူဘွဲ့ရရှိသည့် အားကစားဆေးဘက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစိုးမင်းဦးနှင့် သင်တန်းများတွင်ထူးချွန်ဆုရရှိခဲ့သူ(၄)ဦးကို ဂုဏ်ပြုဆုတံဆိပ် အားလည်းကောင်း၊ (၅၄)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မအေးသန္တာခိုင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ်သိန်း(၃၀၀)အား လည်းကောင်း၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် မောင်ရဲထွန်းနောင်အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုကျပ် သိန်း(၂၀၀)အားလည်းကောင်း၊ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ(၂၀၂၂) (AFF Women’s Championship 2022)တွင် တတိယဆုရရှိခဲ့သည့် မြန်မာအမျိုးသမီးဘောလုံးအသင်းအား ဂုဏ်ပြုဆု တံဆိပ်နှင့် ငွေသားဆု စုစုပေါင်း ကျပ်သိန်း(၁၀၉၀)အားလည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမား(၇)ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့်တစ်ဦးလျှင် ငွေသားဆုကျပ်(၅)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း(၃၅,ဝဝဝ,ဝဝ)အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံမှ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ဆက်လက်ပြီး (၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် ငွေတံဆိပ်ဆုရရှိခဲ့သည့် အားကစားသမားဝန်ထမ်း(၁၁)ဦးအား ဂုဏ်ပြုဆုတံဆိပ်နှင့်ငွေသားဆုတစ်ဦး လျှင် ကျပ်(၃)သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်(၃၃,ဝဝဝ,ဝဝ)သိန်းအား ဒုတိယဝန်ကြီး ဦးမျိုးလှိုင်မှ လည်းကောင်း၊ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင်ကြေးတံဆိပ် ဆုရရှိခဲ့သည့် အားကစားသမား(၃၅)ဦးနှင့် နည်းပြ/အုပ်ချုပ်သူ(၁၃)ဦးတို့အား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုတစ်ဦးလျှင်ကျပ်(၂)သိန်းနှုန်းဖြင့်စုစုပေါင်းကျပ်(၉၆,ဝဝဝ,ဝဝ)သိန်းအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များမှလည်းကောင်း အသီးသီးပေးအပ် ချီးမြှင့်ခဲ့ပါသည်။