အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်တွင် ဗီယက်နမ်ကို အရေးနိမ့်ခဲ့သည့် မြန်မာ
August 2, 2022ဖိတ်ခေါ်ပြိုင်ပွဲယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၉ အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ
August 3, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) အဖွင့်ပွဲစဉ်တွင် ဩစတြေးလျ အသင်းကို ၃-၂ ဂိုးဖြင့် ပွဲဦးထွက် အနိုင်ရရှိခဲ့သည်။
ြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ဆလိုင်းအံ့ဘွယ်မောင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ဟန်ထွန်းဇော်၊ စောမျိုးဇော်၊ ဘရန်းဒွန်းလီ၊ ရှေ့တန်း- ရှိင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို ပါဝင် ကစားခဲ့ကြသည်။
မြန်မာယူ-၁၆ အသင်းအနေဖြင့် ပွဲစသည်နှင့် ဩစတြေးလျအသင်းကို အချိတ်အဆက် မိမိဖြင့် ကစားသွားခဲ့ပြီး ပွဲချိန် ပထမပိုင်းမှာပင် ဦးဆောင်ဂိုးများ ရရှိခဲ့သည်။
မြန်မာယူ-၁၆ အသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃ မိနစ်မှာပင် စတင်ရရှိခဲ့ပြီး ပြစ်ဒဏ်ဘောမှတဆင့် စောမျိုးဇော်က သွင်းယူပေးခဲ့သည်။ ထို့နောက် ပွဲချိန် ၂၃ မိနစ်တွင်လည်း တိုက်စစ်မှူး ရှိုင်းဝဏ္ဏက ဩစတြေးလျ နောက်ခံလူနှင့် ယှဉ်ပြေးပြီး ကန်သွင်းယူခဲ့ရာ မြန်မာယူ-၁၆ အသင်း ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့သည်။
သို့သော် ပွဲချိန် ၃၉ နှင့် ၄၄ မိနစ်တို့တွင် ဩစတြေးလျ အသင်းက ချေပဂိုးများ ပြန်လည်သွင်းယူခဲ့သဖြင့် ပထမပိုင်းအပြီးတွင် နှစ်ဂိုးစီသရေကျနေခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ပြည့်စုံအောင်၊ အောင်ဇော်မျိုး၊ အောင်ကောင်းခန့်၊ နေလင်းထွန်း၊ နေမင်းထက်တို့ကို ထည့်သွင်းကစားခဲ့ပြီး ပွဲချိန် ၇၂ မိနစ်တွင် လူစားဝင် တိုက်စစ်မှူး ပြည့်စုံအောင်က ဩစတြေးလျ နောက်တန်းကို ကျော်ဖြတ်ပြီး ဂိုးသမားနှင့် တစ်ဦးချင်းအတွေ့တွင် အပိုင်ကန်သွင်းယူခဲ့သဖြင့် မြန်မာယူ-၁၆ အသင်းက ၃-၂ ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် ဩစတြေးလျ အသင်းက ချေပဂိုး ပြန်လည်ရရှိရန် တိုက်စစ်မြှင့်တင်ခဲ့ပြီး အခွင့်အရေးများ ရခဲ့သော်လည်း မြန်မာနောက်တန်းနှင့် ဂိုးသမားတို့ ကာကွယ်နိုင်ခဲ့သောကြောင့် ပွဲအပြီးတွင် မြန်မာယူ-၁၆ အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပွဲအပြီးတွင် နည်းပြချုပ် ဦးအောင်ဇော်မျိုးက “ဒီပွဲအနိုင်ရလဒ်အတွက် ပျော်ရွှင်မိပါတယ်။ သိတဲ့အတိုင်း ဩစတြေးလျက အသင်းကောင်း တစ်သင်းပါ။ နောက်လာမယ့် မလေးရှားနဲ့ ပွဲစဉ်အတွက်လည်း အကောင်းဆုံး ဆက်လက်ပြင်ဆင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။