အာဆီယံအမျိုးသမီးချန်ပီယံရှစ် ကြေးတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကျပ်သိန်း(၁၀၉၀) ချီးမြှင့်
August 2, 2022ဗီယက်နမ် ဖိတ်ခေါ် ပြိုင်ပွဲဝင်မည့် မြန်မာယူ-၁၉ အသင်း လူစာရင်း ထုတ်ပြန်
August 2, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)နှင့် ဒိုင်ကော်မတီတို့မှ ပူးပေါင်းဖွင့်လှစ်သော MFF Future & Development Group of Referee program Module -2 (Football/ Futsal) သင်တန်းဖွင့်ပွဲကို ဩဂုတ် ၂ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
ယင်းသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်နှင့် ဦးတင်မြင့်အောင်တို့က သင်တန်းအဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့သည်။
ဩဂုတ် ၂ မှ ၄ ရက်အထိဖွင့်လှစ်မည့် ယင်းသင်တန်းသို့ အသက် ၃၅ နှစ်အောက် ဖူဆယ်ဒိုင်လူကြီးများ၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ ဖြစ်ကြသည့် သင်တန်းသား ၁၅ ဦးနှင့် သင်တန်းသူ ၃ ဦးတက်ရောက်ကြမည်ဖြစ်သည်။
MFF Future & Development Group of Referee program ၏ Module 3 ကို ၂၀၂၂ ခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သည်။