FOOTBALL/ FUTSAL ဒိုင်သင်တန်း (MODULE -2) သင်တန်းဆင်းပွဲကျင်းပ
August 4, 2022အာဆီယံယူ-၁၆ ပြိုင်ပွဲ အုပ်စုဒုတိယပွဲစဉ်တွင် မလေးရှားနှင့် သရေကျခဲ့သည့် မြန်မာယူ-၁၆ အသင်း
August 5, 2022အင်ဒိုနီးရှားနိုင်ငံ၊ ပလမ်ဘန်မြို့တွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲ တတိယနေရာလုပွဲအဖြစ် ဩဂုတ် ၄ရက် က မြန်မာနှင့် ထိုင်း အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၂-၀ဂိုးဖြင့် အရေးနိမ့်ခဲ့ပါသည်။
မြန်မာအသင်းသည် မေဦးခင်(ဂိုး) ၊ နောက်တန်းတွင် ကြယ်စင်၊ ဖြူဖွေး၊ ဖြူဖြူ၀င်း (အသင်းခေါင်းဆောင်)၊ ရွှန်းလဲ့နိုင်၊ အလယ်တန်းတွင် စုမြတ်နိုး၊ ဝေဖူးအိမ်၊ ခင်စန်းလွင်၊ ဟေမာန်စိုး၊ ရှေ့တန်းတွင် ယဉ်လွန်းအိမ်၊ ဇင်မိုးပြည့် တို့ဖြင့် ၄-၄-၂ ကစားကွက်နှင့် ထိုင်းအသင်းကို ယှဉ်ပြိုင်ကစားခဲ့သည်။
နှစ်သင်းစလုံးသည် ဆီမီးဖိုင်နယ်အဆင့်တွင် ရှုံးနိမ့်ခဲ့သောကြောင့် ကြေးတံဆိပ်ရရှိရန် အစွမ်းကုန်ကြိုးစားခဲ့ကြပြီး ထိုင်းအသင်းမှ ရရှိသောအခွင့်အရေးများကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ခြင်းကြောင့် ယခုပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ပထမပိုင်း မိနစ် ၂၀တွင် ထိုင်းအသင်းမှ ဦးဆောင်ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးရရှိရန် ပွဲချိန်ပြည့် ကြိုးစားခဲ့သော်လည်း ထိုင်းနောက်တန်းကစားသမားများ၏ လူကပ်ကစားပုံကောင်းမွန်မှုကြောင့် ချေပဂိုး မရရှိခဲ့ပေ။ နာကျင်အချိန်ပို ၉၀+၁ မိနစ်တွင် ထိုင်းအသင်းမှ ဒုတိယဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ပွဲအပြီးတွင် ၂-၀ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
ယခုကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် အာဆီယံအမျိုးသမီးယူ-၁၈ ချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၈အသင်းသည် နှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ရဂိုး ၇ဂိုး ပေးဂိုး ၉ဂိုး နှင့် ဆီမီးဖိုင်နယ်အဆင့် အထိတက်ရောက်ခဲ့ပါသည်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး ယူ-၁၈အသင်းကို နည်းပြချုပ်အဖြစ် ဒေါ်သက်သက်ဝင်းက ကိုင်တွယ်လျက်ရှိပြီး အသက် (၁၇)နှစ်အောက်ကစားသမားအများစုနှင့်ဖွဲ့စည်းထားပြီး ၁၅နှစ်အောက်ကစားသမား တစ်ဦး၊ ၁၆နှစ်အောက်ကစားသမား ၅ဦး ပါဝင်ပါသည်။