ဗီယက်နမ် ယူ -၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယပွဲစဉ်တွင် ထိုင်းအသင်းကို မြန်မာ ရူံးနိမ့်
August 7, 2022ဖူဆယ်ဒိုင်လူကြီး အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၂) ပြီးဆုံးခြင်းအခမ်းအနားကျင်းပ
August 8, 2022၂၀၂၂ ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲ ဒုတိယပွဲစဉ်အဖြစ် မြန်မာ ယူ- ၁၉ အသင်းနှင့် ထိုင်း ယူ- ၁၉ အသင်းတို့ သြဂုတ် (၇)ရက်တွင်
ဗီယက်နမ်နိုင်ငံ၊ဘန်ဒေါင်းမြို့၌ ယှဉ်ပြိုင်ကစားခဲ့ရာ ထိုင်း ယူ-၁၉ အသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် အောင်ပြည့်ဖြိုး(ဂိုး)၊လန်းဆန်းအောင်၊ဇော်ဝင်းသိန်း၊မိုးဆွေ၊ ထွန်းထွန်းသိန်း၊ ရဲရင့်ဖြိုး၊ဉက္ကာနိုင်၊သိန်းဇော်သီဟ၊ခန့်ဇင်ဟိန်း၊သန်းတိုးအောင်၊စောသန်းကိုသန်းတို့ဖြင့် ပွဲထွက်ကာ ထိုင်းအသင်းအား ရင်ဆိုင်ခဲ့သည်။ ပွဲချိန် ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန် အလှန်ကစားခဲ့ပြီး ထိုင်းအသင်းအတွက် ဦးဆောင်ဂိုးကို ဖြတ်တင်ဘောမှရရှိသည့် ဘောလုံးကို ကျောနံပါတ် (၉) ဖူဝါနက်က သွင်းယူခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းသည် ချေပဂိုးရရှိရေး ကစားသမား အပြောင်းအလဲများ ပြုလုပ်ကာ ထိုင်းအသင်းကို တောက်လျှောက် ဖိအားပေး ကစားခဲ့သည်။ သန်းတိုးအောင် အပိုင် ဂိုးသွင်းခွင့် (၂) ကြိမ်ရရှိသည်ကို အသုံးချနိုင်ခြင်းမရှိသလို ချစ်အေး၊ လမင်းထွေး၊ ဇော်ဝင်းသိန်းတို့၏ ဂိုးရရှိရေး ကြိုးစားမှုများကိုလည်း ထိုင်းအသင်း နောက်တန်းနှင့် ဂိုးသမားတို့ အကောင်းဆုံး ကာကွယ်နိုင်ခဲ့ခြင်းကြောင့် မြန်မာအသင်း အရေး နိမ့်ခဲ့ခြင်းဖြစ်သည်။
ယခုပွဲတွင် မြန်မာအသင်း၏ အပိုင်ဂိုးသွင်းခွင့်များကို ကာကွယ်ခဲ့သည့် ထိုင်းအသင်းဂိုးသမား ချွန်မာဖက်သည် ပွဲစဉ်အလိုက် အကောင်းဆုံး
ကစားသမားဆုကို ရရှိခဲ့သည်။
မြန်မာ ယူ-၁၉ အသင်းသည် သြဂုတ် (၉) ရက်တွင် မလေးရှား အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး တတိယလုပွဲနှင့် ဗိုလ်လု ပွဲကို သြဂုတ်(၁၁) ရက်တွင် ကျင်းပမည်ဖြစ်သည်။
ဗီယက်နမ် ယူ- ၁၉ ဖိတ်ခေါ်ပြိုင်ပွဲကို (၄)သင်း ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး အမှတ်အများဆုံး (၂)သင်းမှာ ဗိုလ်လုပွဲ၊ အဆင့် (၃ ၊ ၄) နေရာရ အသင်းများမှာ တတိယလုပွဲ ကစားရမည်ဖြစ်သည်။