ဖူဆယ်ဒိုင်လူကြီး အလုပ်ရုံဆွေးနွေးပွဲ (၂၀၂၂) ပြီးဆုံးခြင်းအခမ်းအနားကျင်းပ
August 8, 2022ဒိုင်ကြီးကြပ်၊ ဒိုင်နှင့် အကူဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ (Group 3) ကျင်းပ
August 9, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံယူ-၁၆ ပြိုင်ပွဲ အုပ်စု (ဂ) တွင် ကမ္ဘောဒီးယား အသင်းကို (၁-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုဗိုလ်အဖြစ်နှင့် အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
အကြိုဗိုလ်လုပွဲ တက်ရောက်နိုင်ရေး အဆုံးအဖြတ် ပွဲစဉ်အဖြစ် ကစားရသည့် ကမ္ဘောဒီးယားနှင့်ပွဲတွင် မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်း ပွဲထွက်ကစားသမားများအဖြစ် ဂိုး- ဆလိုင်းအံ့ဘွယ်မောင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ကောင်းခန့်ဇော်၊ စောမျိုးဇော်၊ အောင်ဇော်မျိုး၊ ရှေ့တန်း- ရှိင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို့ ပါဝင် ကစားခဲ့ကြသည်။
ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ကစားနိုင်ခဲ့ပြီး ကမ္ဘောဒီးယား အသင်းမှာ မြန်မာအသင်းကို တန်ပြန်တိုက်စစ်ဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။
ဒုတိယပိုင်းပွဲချိန် ၄၈ မိနစ်တွင် မြန်မာယူ-၁၆ ကွင်းလယ် ကစားသမား စောမျိုးဇော်ကို ပင်နယ်တီ ဧရိယာအတွင်း ကမ္ဘောဒီးယား နောက်တန်းက ပြစ်ဒဏ်ကျူးလွန်သဖြင့် မြန်မာအသင်း ပင်နယ်တီရရှိခဲ့ပြီး အသင်းခေါင်းဆောင် လင်းထက်ဦးက သွင်းယူပေးခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် မြန်မာယူ-၁၆ အသင်းသည် ဟန်ထွန်းဇော်၊ အောင်ကောင်းခန့်၊ နေမင်းထက်၊ နေလင်းထွန်း၊ ပြည့်စုံအောင် တို့ကို ထည့်သွင်းကစားခဲ့ပြီး အနိုင်ရလဒ်ကို ထိန်းခဲ့ကာ ပွဲအပြီးတွင် ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာယူ-၁၆ အသင်းသည် အုပ်စု (ဂ)တွင် ဩစတြေးလျကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး မလေးရှားအသင်းနှင့် တစ်ဂိုးစီသရေကျကာ ကမ္ဘောဒီးယားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရသဖြင့် ရမှတ် (၇) မှတ် ရရှိပြီး အုပ်စုဗိုလ် အဖြစ်နှင့် အကြိုဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။
အကြိုဗိုလ်လုပွဲ အဆင့်တွင် ထိုင်းနှင့် ဗီယက်နမ်၊ အိမ်ရှင် အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အင်ဒိုနီးရှားနှင့် မြန်မာအသင်းတို့ပွဲစဉ်မှာ ဩဂုတ် ၁၀ ရက် မြန်မာစံတော်ချိန် ည ၇:၃၀ တွင် ကစားရမည် ဖြစ်သည်။