အာဆီယံယူ-၁၆ ပြိုင်ပွဲ အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် မြန်မာယူ-၁၆ အသင်း အရေးနိမ့်
August 10, 2022တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ခြေစမ်းမည်
August 23, 2022မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းသည် အာဆီယံ ယူ-၁၆ ပြိုင်ပွဲ တတိယနေရာလုပွဲတွင် ထိုင်းအသင်းကို ၃-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။
အကြိုဗိုလ်လုပွဲတွင် အိမ်ရှင် အင်ဒိုနီးရှားအသင်းနှင့် ပင်နယ်တီထိ ကစားခဲ့ရပြီး ပွဲပန်းနေသော မြန်မာ့လက်ရွေးစင် ယူ-၁၆ အသင်းတွင် ပွဲထွက်ကစားသမားများအဖြစ် ဂိုး- စိုင်းသီဟနိုင်၊ နောက်တန်း- သူရဇော်၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ လင်းထက်ဦး၊ အလယ်တန်း- ခွန်းချိုထူး၊ ဘရန်းဒွန်းလီ၊ နေမင်းထက်၊ အောင်ဇော်မျိုး၊ ရှေ့တန်း- ရှိုင်းဝဏ္ဏအောင်နှင့် ကောင်းထက်တို့ ပါဝင် ကစားခဲ့ကြသည်။
ပွဲချိန် ပထမပိုင်း မိနစ်များတွင် ထိုင်းအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာဖြင့် ထိုးဖောက် ကစားခဲ့ပြီး မြန်မာအသင်းကလည်း တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရှိရေး ကြိုးပမ်းခဲ့သည်။ သို့သော် တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်း မရှိသဖြင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ဂိုးမရှိ သရေကျနေခဲ့သည်။
မြန်မာယူ-၁၆ အသင်းသည် ဒုတိယပိုင်းတွင် ကောင်းခန့်ဇော်၊ ပြည့်စုံအောင်၊ စောမျိုးဇော်၊ နိုင်လား၊ စိုင်းဇေယျာကျော် အစရှိသည့် ကစားသမားများကို ထည့်သွင်းပြီး အပြောင်းအလဲများ ပြုလုပ်ခဲ့ပြီး အခွင့်အရေးများ ရရှိခဲ့သည်။
သို့သော် ပွဲချိန် မိနစ် ၇၀ တွင် ထိုင်းအသင်း ဦးဆောင်ဂိုး ရရှိသွားခဲ့ရာ မြန်မာအသင်း အနေဖြင့် လက်ကျန် ပွဲချိန်များတွင် ချေပဂိုး ပြန်လည်ရရှိရေး ကြိုးပမ်းခဲ့သော်လည်း ပွဲချိန် ၈၃ မိနစ်နှင့် ၉၀+၄ မိနစ်တို့တွင် တန်ပြန် တိုက်စစ်များမှတဆင့် ထိုင်းအသင်းက ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ၃-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ရသည်။