7th AFC Medical Conference
August 27, 20222022 AFF Mitsubishi Electric Cup တွင် မြန်မာအသင်း အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်
August 30, 2022ကျင်းပပြီးစီးခဲ့သော ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲမှ ခြေစွမ်းကောင်းမွန်သည့် ကစားသမားများဖြင့် ဖွဲ့စည်းထားသော ယူ-၁၉ အသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတို့ ဩဂုတ် (၂၉ ) ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းက (၂-၀) ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် စက်တင်ဘာ ၁၀မှ ၁၈ ရက်အထိ ဆော်ဒီနိုင်ငံတွင် ကျင်းပမည့် အာရှ ယူ – ၂၀ ခြေစစ်ပွဲ မတိုင်မီခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး နည်းပြချုပ် ဦးစိုးမြတ်မင်းအနေဖြင့် ကစားသမားများ စမ်းသပ်အသုံးပြုခွင့်ရခဲ့သည်။
ပွဲချိန်ပထမပိုင်းတွင် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းက ခြေစွမ်းအသာဖြင့် ကစားခဲ့သော်လည်း အခွင့်အရေးများ အသုံးမချနိုင်ခဲ့ခြင်းကြောင့် ဂိုးမရှိ သရေကျခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအတွက် အနိုင်ဂိုးများကို ချစ်အေး တစ်ဦးတည်းက (၂ ) ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲတွင် ခြေစွမ်းပြသနိုင်ခဲ့ကြသည့် အသက် ၁၉ နှစ်အောက် ကစားသမားလေးများ အနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်များတွင် ပါဝင်ကစားနိုင်မည့် အခွင့်အရေး ရရှိစေရေး၊ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများ (အထူးသဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် ယူ-၂၂ အသင်း) အတွက် ကစားသမား ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုခြေစမ်းပွဲကို စီစဉ်ကျင်းပခြင်းဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းနှင့် ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းတို့သည် လာမည့် ဩဂုတ် ၃၁ ရက်တွင် သုဝဏ္ဏကွင်းတွင် ခြေစမ်းပွဲ ဆက်လက် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။