ခြေစမ်းပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အသင်းကို ပဏာမ မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း အနိုင်ရရှိ
August 29, 2022အာရှ ယူ -၂၀ ခြေစစ်ပွဲဝင်မည့် မြန်မာအသင်း လူစာရင်းထုတ်ပြန်
September 5, 20222022 AFF Mitsubishi Electric Cup အုပ်စုမဲခွဲပွဲကို ဩဂုတ် ၃၀ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌
ကျင်းပပြုလုပ်ခဲ့ရာ မြန်မာ့လက်ရွေးစင်အသင်းသည် အုပ်စု (ခ)တွင် ဗီယက်နမ်၊မလေးရှား၊ စင်ကာပူ၊ လာအိုတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (က)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား ၊ ခြေစစ်ပွဲအောင်အသင်း တို့ပါဝင်သည်။
အာဆီယံ ဘောလုံးအဖွဲ့ချုပ်(AFF) ၏ ဆီဒင်သတ်မှတ်မှုအရ Pot-1 တွင် နောက်ဆုံးကျင်းပခဲ့သည့် ပြိုင်ပွဲ(၂)ကြိမ်တွင် ချန်ပီယံဖြစ်ခဲ့သော ၂၀၂၀ ချန်ပီယံ ထိုင်း၊ ၂၀၁၈ ချန်ပီယံ ဗီယက်နမ်၊ Pot-2 တွင်မလေးရှားနှင့် အင်ဒိုနီးရှား၊ Pot-3 တွင် စင်ကာပူနှင့် ဖိလစ်ပိုင်၊ Pot-4 တွင် မြန်မာနှင့် ကမ္ဘောဒီးယား၊ Pot-5 တွင် လာအို နှင့် ခြေစစ်ပွဲအောင်အသင်းတို့ ပါဝင်ခဲ့သည်။
မြန်မာအသင်းသည် ဒီဇင်ဘာ ၂၁ ရက် တွင် အိမ်ကွင်းပွဲစဉ်အဖြစ် မလေးရှား၊ ဒီဇင်ဘာ ၂၄ရက် တွင် အဝေးကွင်းပွဲစဉ်အဖြစ် စင်ကာပူ၊ ဒီဇင်ဘာ ၃၀ ရက်တွင် အိမ်ကွင်းပွဲစဉ်အဖြစ် လာအို၊ ဇန်နဝါရီ ၃ရက်တွင် အဝေးကွင်းပွဲစဉ်အဖြစ် ဗီယက်နမ်တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
2022 AFF Mitsubishi Electric Cup ခြေစစ်ပွဲကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ပုံစံဖြင့် ကျင်းပမည်ဖြစ်ပြီး နောက်ဆုံးကျင်းပသည့် ပြိုင်ပွဲ(၂)ကြိမ်တွင် အနိမ့်ဆုံးရပ်တည်ခဲ့သည့် တီမောနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
(၁၄)ကြိမ်မြောက်အဖြစ် ကျင်းပမည့် 2022 AFF Mitsubishi Electric Cup ပြိုင်ပွဲကို ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ပြန်လည်ကျင်းပမည်ဖြစ်ပြီး (၅)သင်း (၂)အုပ်စုခွဲ၍ ယှဉ်ပြိုင်ကစား စေမည်ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းတစ်သင်းလျှင် အုပ်စု(၄)ပွဲကို အိမ်ကွင်း(၂)ပွဲ၊ အဝေးကွင်း(၂)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အုပ်စုတစ်အုပ်စီမှ ထိပ်ဆုံး (၂) သင်းသည် ဆီမီးဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လု ပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။
2022 AFF Mitsubishi Electric Cup ပြိုင်ပွဲကို ၂၀၂၂ ဒီဇင်ဘာ ၂၃ ရက်မှ ၂၀၂၃ ဇန်နဝါရီ ၁၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။
AFF သည် အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲအတွက် Suzuki ကုမ္ပဏီနှင့် လမ်းခွဲခဲ့ပြီးနောက် Mitsubishi ကုမ္ပဏီနှင့် Title Sponsor အဖြစ် ပြောင်းလဲလက်တွဲလိုက်ခြင်းဖြစ်သည်။