ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ခြေစမ်းပွဲ သတ်မှတ်ရက်တွင် ဟောင်ကောင်နှင့်မြန်မာ ခြေစမ်းမည်
September 6, 2022အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ် အုပ်စု (က)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
September 9, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးသို့ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ဒုတိယ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးနိုင်သောင်းထိုက်၊ ဦးဖြိုးမောင်မောင်နှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်နှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်နှင့် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းတို့က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကို စတင်ခဲ့သည်။
ထို့နောက် ဒေါက်တာရဲမွန်ထွဋ်က ဖူဆယ်ကော်မတီ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး အစည်းအဝေးတက်ရောက်လာသူများက အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။