Letter of Condolence on the passing of Mr. Lim Kia Tong
September 15, 2022FIFA Amateurs Football ဆွေးနွေးပွဲကျင်းပ
September 16, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့မှ ပူးပေါင်းစီစဉ်ကျင်းပမည့် AFC Futsal Level-1 Coaching Certificate Course သင်တန်း ကို လာမည့် အောက်တိုဘာ ၆ရက်မှ ၁၁ရက်အထိ မြန်မာဘောလုံးအကယ်ဒမီ (မန္တလေး) တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။
မြန်မာ့ဖူဆယ်ဘောလုံးလောကတိုးတက်ရေးအတွက် ပြည်တွင်းနည်းပြကောင်းများစွာ ထွက်ပေါ်လာရန် ရည်ရွယ်ချက်ဖြင့် အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသား/ သူ (၂၀)ဦးအထိ တက်ရောက်နိုင်ရန် စီစဉ်ထားသည်။ သင်တန်းကြေး အဖြစ် ကျပ်တစ်သိန်းသတ်မှတ်ထားပြီး သင်တန်းကာလအတွင်း ဝတ်စုံ၊ နေ/ထိုင် / စားသောက်စရိတ်များကို စီစဉ်ပေးသွားမည်ဖြစ်သည်။
သင်တန်းဆရာများအဖြစ် ဦးတင်မောင်ဌေးနှင့် ဦးကျော်ဇင်ညွှန့် တို့က သင်ကြားပြသပေးသွားမည်ဖြစ်ပြီး ပြည်တွင်းနည်းပြနှစ်ဦးမှ တာဝန်ယူသင်ကြားပေးမည့် ပထမဆုံးဖူဆယ်သင်တန်းဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဖူဆယ်နှင့်သဲသောင်ပြင်ဘောလုံး ကော်မတီ တို့ ပူးပေါင်းပြီး ၂၀၂၂ခုနှစ် အတွင်း တိုင်းနှင်ပြည်နယ်များတွင် ဖူဆယ် Level-1 ၊ Level-2 သင်တန်းများကို ဖွင့်လှစ်ခဲ့ရာ အဆိုပါသင်တန်းသည် ကျန်ရှိနေသည့် သင်တန်းနှစ်ခုအနက် တစ်ခုဖြစ်ပြီး နောက်ဆုံးတစ်ခုကို တောင်ကြီးမြို့တွင် ဆက်လက်ဖွင့်လှစ်ရန် လျာထားသည်။