အာရှ ယူ-၂၀ ခြေစစ်ပွဲစဉ်တွင် ဆော်ဒီကို ရူံးနိမ့်ခဲ့သည့် မြန်မာအသင်း
September 17, 2022ဟောင်ကောင်တွင် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများ စတင်
September 19, 2022၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(က) နောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ ယူ -၂၀ အသင်း နှင့် မော်လ်ဒိုက်ယူ-၂၀ အသင်းတို့ မြန်မာစံတော်ချိန် စက်တင်ဘာ ၁၉ ၊ နံနက် (၀၀ : ၃၀) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Dammam မြို့ရှိ Prince Mohamed bin Fahd ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၀ အသင်းက (၃-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် ဟိန်းထက်စိုး (ဂိုး)၊ ခိုးသန်းဇော်၊ လန်းဆန်းအောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ စောသန်းကိုသန်း၊ အာကာကျော် ၊ချစ်အေး၊ မိုးဆွေ၊ ဉက္ကာနိုင်၊ လမင်းထွေးတို့ဖြင့် ပွဲထွက်ခဲ့ပြီး မော်လ်ဒိုက်အသင်းကို အနိုင်ရရှိရေး အကောင်းဆုံး ကြိုးစားကစားခဲ့သည်။
မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် (၄၅+ ၂) မိနစ်တွင် ကောင်းထက်ပိုင်၊ ပွဲချိန် ( ၈၁ ) မိနစ်တွင် စွမ်းထက်နှင့် ပွဲချိန် (၈၆ ) မိနစ်တွင် လမင်းထွေးတို့က သွင်းယူပေးခဲ့သည်။
အုပ်စုတွင်း အခြားပွဲစဉ်ဖြစ်သည် တရုတ်နှင့် အိမ်ရှင်ဆော်ဒီအာရေဗျအသင်းတို့ပွဲစဉ်တွင် ဆော်ဒီအာရေဗျအသင်းက (၁-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
၂၀၂၃ အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-20 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(က) ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် (၄)ပွဲကစား (၁) ပွဲနိုင်၊ (၃) ပွဲရူံးနိမ့်ခဲ့ပြီး အုပ်စု တတိယနေရာတွင် ရပ်တည်ကာ ပထမနေရာနှင့် ဒုတိယနေရာရရှိခဲ့သော အိမ်ရှင်ဆော်ဒီအာရေဗျနှင့် တရုတ်အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။
၂၀၂၃ အာရှ ယူ- ၂၀ နောက်ဆုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဉဇဘက်ကစ္စတန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ထား၍ ယင်းအသင်းနှင့်ကစားသည့် ရလဒ်များကို ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ ဆော်ဒီအာရေဗျ၊ တရုတ်၊ မော်လ်ဒိုက်နှင့် မြန်မာအသင်းတို့ အုပ်စုပတ်လည် ကစားသည့် ရလဒ်ကိုသာ တွက်ချက်ကာ ခြေစစ်ပွဲ အောင်မည့်အသင်းကို ဆုံးဖြတ်ပေးခြင်းဖြစ်သည်။
စက်တင်ဘာ (၁၀) ရက်မှ (၁၈)ရက်အထိ ကျင်းပပြုလုပ်ခဲ့သော အာရှ ယူ-၂၀ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ်များအပြီးတွင် အုပ်စု ပထမနေရာ ရရှိခဲ့သော ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျပန်၊ ဂျော်ဒန်၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ အိုမန်၊ တာဂျစ်ကစ္စတန်၊ အီရန်၊ အကောင်းဆုံး အုပ်စုဒုတိယ (၅)သင်းဖြစ်သော ဗီယက်နမ်၊ ကာဂျစ္စတန်၊တရုတ်၊ ဆီးရီးယားနှင့် ထိုင်းအသင်း ခြေစစ်ပွဲအောင်မြင်ခဲ့သည်။