
ဟောင်ကောင်တွင် မြန်မာ့လက်ရွေးစင် အသင်း လေ့ကျင့်မှုများ စတင်
September 19, 2022
MFF အလုပ်အမှုဆောင် အစည်းအဝေး ၂၀၂၂ ကျင်းပ
September 21, 20224th AFC Social Responsibility Committee Meeting ကို စက်တင်ဘာ ၂၀ရက်က Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ နှင့် AFC Social Responsibility Committee ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်၊ ဒုတိယဥက္ကဋ္ဌ Mr. Kanatbek Mamatov၊ အာရှဘောလုံးအဖွဲ့ချုပ်များ တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး အာရှဒေသတွင်း CSR အစီအစဉ်များအတွက် တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။

ရှေးဦးစွာ AFC Social Responsibility Committee အနေဖြင့် ၂၀၂၁ခုနှစ်အတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သော CSR အစီအစဉ်များကို တင်ပြခဲ့ပြီးနောက် ၂၀၂၂ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်သွားမည့် CSR အစီအစဉ် (၆)ရပ်ကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြသည်။
ကာဂျစ်စတန်နိုင်ငံအတွင်း မိဘမဲ့ကျောင်းများအပါအဝင် စာသင်ကျောင်း ၃၀ တွင် ဘောလုံးအခြေခံနည်းစနစ်နှင့် ကိုယ်ကာယ လေ့ကျင့်ခန်းများ သင်ကြားပေးရန်အတွက် သင်တန်းဆရာ ၆၀ဦးကို သင်တန်းပို့ချရန်၊ ဘူတန်ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ကျင်းပမည့် လူငယ်ဘောလုံးဖွံဖြိုးရေးနှင့် ဘောလုံးနည်းပြဆရာများအတွက် သင်တန်းများဖွင့်လှစ်ရေးအစီအစဉ်၊ တရုတ်တိုင်ပေ တွင် ရွေ့ပြောင်းလုပ်သားများအတွက် နိုင်ငံတကာ အဆင့်မီ ဘောလုံးပြိုင်ပွဲကျင်းပရေးအစီအစဉ်၊ အနောက်အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပမည့် ဒေသတွင်း မသန်စွမ်းဘောလုံးပွဲတော်များနှင့် လူငယ်ဘောလုံးဖွံဖြိုးရေးအစီအစဉ်များ၊ မွန်ဂိုးလီးယား ဘောလုံး အဖွဲ့ချုပ်နှင့် မွန်ဂိုးလီးယား မျက်မမြင်ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းပြီး အမြင်အာရုံချို့တဲ့သူ ၃၀၀၀ ဦးမှ ၄၀၀၀ ဦးအထိ ပါဝင်နိုင်မည့် Blind Football Camp အစီအစဉ်၊ လက်ဘနွန်နိုင်ငံအတွင်း ကိုဗစ် ကပ်ရောဂါဆိုး ကြောင့် ထိခိုက်ခံစားခဲ့ရသော လက်ဘနွန်ရှိ ဆယ်ကျော်သက် များနှင့် လူငယ်များအတွက် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် အစီအစဉ် များကို ဆွေးနွေးခဲ့သည်။
AFC Social Responsibility Committee ဥက္ကဋ္ဌ ဦးဇော်ဇော်က အထက်ပါကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ပြီး ပရိုဂရမ်ခြောက်ခုစလုံးကို AFC Dream Asia Foundation ၏ ဘုတ်အဖွဲ့ထံ ပေးအပ်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
