
MFF အလုပ်အမှုဆောင် အစည်းအဝေး ၂၀၂၂ ကျင်းပ
September 21, 2022
ဟောင်ကောင်နှင့်မြန်မာဒုတိယခြေစမ်းပွဲဂိုးမရှိသရေကျ
September 24, 2022
ဟောင်ကောင်လက်ရွေးစင် အသင်းနှင့် မြန်မာ့လက်ရွေးစင် အသင်းတို့ ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲ ဒုတိယမြောက် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာ ရှင်းလင်းပွဲကို စက်တင်ဘာ ၂၃ ရက်နေ့ ည ၈း၀၀ နာရီက ဟောင်ကောင် အားကစားကွင်းတွင် ကျင်းပခဲ့ရာ မြန်မာအသင်း နည်းပြချုပ် အန်တွမ်နီဟေးနှင့် ကွင်းလယ်ကစားသမား အောင်နိုင်ဝင်းတို့ တက်ရောက်ခဲ့သည်။
ကျွန်တော်တို့ အသင်းက ပြည်တွင်းလိဂ်မှာ ကစားနေတဲ့ လူငယ်ကစားသမား အသစ်တွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး နိုင်ငံတကာပွဲ အတွေ့အကြုံ ရရှိစေဖို့ ရည်ရွယ်ထားပါတယ်။ လက်ရွေးစင်အသင်း ပြိုင်ရမယ့် အာဆီယံ ချန်ပီယံရှစ်နဲ့ နိုင်ငံတကာ ပွဲတွေအတွက် အားထားရတဲ့ ကစားသမားအသစ်တွေ ရရှိလာမှာပါ။ ပထမဆုံး ပွဲထွက်တဲ့ ခြေစမ်းပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ကစားသမားတွေ တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ကြတာတွေ့ရပါတယ်။ ဟောင်ကောင် အသင်းနဲ့ ဒုတိယပွဲ အတွက်လည်း သူတို့ အသင့်ဖြစ်နေပါပြီ။ ပရိသတ် တစ်သောင်းကျော် လာရောက်အားပေးဖို့ လက်မှတ်ဝယ်ထားကြတယ် ဆိုတာသိရတော့ ပွဲကောင်းတစ်ပွဲ သေချာပေါက်ဖြစ်မှာပါ။ ကျွန်တော်တို့ အသင်းအနေနဲ့ကတော့ အရင်က မလေးရှားအသင်း အိမ်ကွင်း ပရိသတ်ရှေ့ ရှစ်သောင်းကျော် ကိုးသောင်းနီးပါး ရှေ့မှာ ကစားလာခဲ့တဲ့ အသင်းဖြစ်လို့ ဒီလို ပရိသတ်အင်အား ရှေ့မှာ ကစားရတဲ့ ဖိအားကို စိုးရွံ့နေစရာ မရှိပါဘူး။ ကစားသမားတွေ အကောင်းဆုံး ကစားပြပြီး ပွဲကောင်းတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။
နည်းပြချုပ် အန်တွမ်နီဟေး

ကျွန်တော်တို့ ဟောင်ကောင်နဲ့ ပထမ ခြေစမ်းပွဲကို သေချာ ပြန်သုံးသပ် ကြည့်ရှုပြီးဖြစ်လို့ ပြိုင်ဘက် အားနည်းချက် အားသာချက်၊ မိမိအသင်း အားနည်းချက် အားသာချက်ကို သိနေပြီးဖြစ်ပါတယ်။ လေ့ကျင့်မှု့တွေလည်း သေချာလုပ်ထားတာ ဖြစ်လို့ ဒုတိယ ခြေစမ်းပွဲအတွက် အကောင်းဆုံး ကစားဖို့ ပြင်ဆင်နေပါပြီ။ ယုံကြည်မှု အပြည့်နဲ့ ရလဒ်ကောင်းရရှိဖို့ ကြိုးစားသွားမှာပါ။
အောင်နိုင်ဝင်း (ကွင်းလယ်လူ)

ဟောင်ကောင်နှင့်မြန်မာတို့ ဖီဖာနိုင်ငံတကာ ခြေစမ်းပွဲ ဒုတိယမြောက်ပွဲစဉ်အား ယနေ့ မြန်မာစံတော်ချိန် ညနေ ၆း၃၀ နာရီ၊ ဟောင်ကောင် အားကစားကွင်းတွင် ကျင်းပမည်ဖြစ်သည်။ ပထမ ခြေစမ်းပွဲတွင် မြန်မာအသင်းက (၂-၀)ဂိုးဖြင့် အရေးနိမ့်ထားပြီး ယနေ့ပွဲစဉ်အတွက် ကစားသမား အပြောင်းအလဲများပြုလုပ် ထားသည်။ ယနေ့ ခြေစမ်းပွဲကို ဟောင်ကောင်အခြေစိုက် Now Channel ရုပ်သံမှ ပြည်တွင်းအတွက်သာ ပြသမည် ဖြစ်သည်။