ဟောင်ကောင်နှင့်မြန်မာဒုတိယခြေစမ်းပွဲဂိုးမရှိသရေကျ
September 24, 2022အာရှယူ-၁၇ ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း လူစာရင်း ထုတ်ပြန်
September 27, 2022
MFF FUTSAL LEAGUE 1 နှင့် 2 QUALIFIERS အတွက် ခြေစစ်ပွဲဝင်မည့် အသင်းများ မဲနှိုက်ရေးဆွဲခြင်းနှင့် MATCH COORDINATION MEETING ကို စက်တင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဖူဆယ်နှင့် သဲသောင်ပြင်ဘောလုံး ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်၊ ခြေစစ်ပွဲဝင် အသင်းများမှ တာဝန်ရှိသူများ၊ မြန် မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အခမ်းအနား အစီအစဉ်အရ ရှေးဦးစွာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်း တင်ပြခဲ့သည်။
ယင်းနောက် ခြေစစ်ပွဲဝင် အသင်းများအား မဲနှိုက်ရေးဆွဲထုတ်ပြန်ခဲ့ရာ LEAGUE 1 QUALIFIERS အုပ်စု (A) တွင် Shwe Pyi Thar FC ၊ Future of Dagon FC ၊ Futsal 19 FC ၊ Generations FC ၊ Let Wel Thonera FC ၊ အုပ်စု (B) တွင် Myanmar AC Milan Fan ၊ Taw Win Nan FC ၊ AKG FC ၊ Futsal Chit Thu FC ၊ Friendly Zone FC တို့ပါဝင်ပြီး LEAGUE 2 QUALIFIERS အုပ်စု (A) တွင် Team Tiger Fc ၊ Yoma Fc ၊ Futsal Chit Thu U 18 ၊ Red Eagle ၊ ၊အုပ်စု (B) တွင် Imprerial Mafia ၊ NY FC ၊ Mayar Fc တို့ပါဝင်သည်။
LEAGUE 1 QUALIFIERS ပွဲစဉ်များကို အောက်တိုဘာ ၁၇ ရက်မှ စတင်ပြီး Imperium Sport Arena ကွင်းတွင်လည်းကောင်း၊ LEAGUE 2 QUALIFIERS ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်မှ စတင်ပြီး Dream Paradise ကွင်းတွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ် သည်။
LEAGUE 1 QUALIFIERS တွင် အုပ်စု တစ်ခုစီမှ ပထမနှင့် ဒုတိယရ အသင်းများသည် တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး အုပ်စု တတိ ယရ နှစ်သင်းအား အဆင့် (၅) နေရာအတွက် Play Off ပုံစံကစားစေမည်ဖြစ်ကာ အနိုင်ရ အသင်းသည် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ အဆင့် (၆)မှ အဆင့် (၁၀) အတွင်း ရပ်တည်သော အသင်းများသည် LEAGUE 2 ပြိုင်ပွဲသို့ ဝင်ရောက်ခွင့် ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ခြေ စစ်ပွဲအောင်အသင်း (၅)သင်း၊ တိုက်ရိုက်ယှဉ်ပြိုင် ခွင့်ရရှိထားသော MIU ၊ VUC ၊ Dream Team ၊ Winner ၊ MFF U 18 ၊ Myoma၊AMM အသင်း၊ စုစုပေါင်း (၁၂) သင်း တို့ဖြင့် LEAGUE 1 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
LEAGUE 2 QUALIFIERS တွင် အုပ်စု တစ်ခုစီမှ ပထမနှင့် ဒုတိယရ အသင်းများသည် တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ခြေစစ်ပွဲအောင်အသင်း (၄)သင်း၊ LEAGUE 1 QUALIFIERSတွင် အဆင့် (၆)မှ အဆင့် (၁၀) အတွင်း ရပ်တည်သော (၅)သင်း၊ တိုက်ရိုက်ယှဉ် ပြိုင် ခွင့်ရရှိထားသော Dream Team Legendsအသင်း ၊ စုစုပေါင်း (၁၀) သင်းဖြင့် LEAGUE 2 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်သည်။
MFF FUTSAL LEAGUE 1 နှင့် 2 ပြိုင်ပွဲကို ဒီဇင်ဘာ ဒုတိယပတ်မှ စတင်ပြီး MFF FUTSAL STADIUM တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထား သည်။