အာရှယူ-၁၇ ခြေစစ်ပွဲဝင် မြန်မာ့လက်ရွေးစင် ယူ-၁၇ အသင်း လူစာရင်း ထုတ်ပြန်
September 27, 2022အမျိုးသမီး ဒိုင်ကြီးကြပ်၊ ဒိုင်နှင့် အကူဒိုင်များ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
September 29, 2022၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အဖွဲ့ဝင်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီဥက္ကဌ ဦးဇော်မင်းသိန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဉီးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ ကလပ်အသင်းပိုင်ရှင်/ဥက္ကဌများ၊ အသင်း အမှုဆောင်အရာရှိချုပ်များနှင့် အသင်းတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ခဲ့သည့် အခြေအနေများ၊ ပြိုင်ပွဲစပွန်ဆာ ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လက်ရှိမြန်မာ့အမျိုးသမီး ဘောလုံးလောက ကမ္ဘာ့အဆင့် ရပ်တည်မှုအပေါ် အခြေခံ၍ ပိုမိုမြင့်တက်လာနိုင်မည့်အခြေအနေများ၊ လာမည့်နှစ် အမျိုးသမီးလိဂ်ပြိင်ပွဲအား ယခုထက်ပိုမို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်စီမံ ရေးဆွဲထားသည့် အခြေအနေများ၊ ပြိုင်ပွဲဝင် အသင်းများအတွက် လေ့ကျင့်ရေးကွင်းနှင့် ပြိုင်ပွဲကျင်းပရေးကွင်း အခက်အခဲ မဖြစ်ပေါ်စေရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ဝိုင်းဝန်ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အမျိုးသမီးလိဂ်ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက်မှ နိုဝင်ဘာ ၂၇ ရက်အထိ ဗဟန်းမြက်ခင်းတုကွင်းနှင့် သုဝဏ္ဏစက်ဘီးလေ့ကျင့်ရေးကွင်း(၁) တို့တွင် ကျင်းပသွားမည်ဖြစ်ပြီး အား/ကာသိပ္ပံအက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ သစ္စာအားမာန် အက်ဖ်စီ၊ YREO FC၊ Sports & Education FC၊ Young Lionesses FC နှင့် Tanintharyi FC အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ချန်ပီယံအသင်းသည် လာမည့်နှစ် AFC Women’s Club Championship ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။