၂၀၂၂ မြန်မာအမျိုးသမီးလိဂ် ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၃ ရက်တွင် စတင်ကျင်းပမည်
September 28, 2022အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ် အုပ်စု (ဃ)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
September 30, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်ကော်မတီနှင့် ဒိုင်လုပ်ငန်းဌာနတို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီး ဒိုင်ကြီးကြပ်၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကိုစက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဦးလှမင်းနှင့် တာဝန်ရှိသူများ၊ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့က သင်တန်းအဖွင့် အမှာစကား အသီးသီး ပြောကြားခဲ့ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကိုဖွင့်လှစ်ခဲ့သည်။
စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၁ ရက်အထိပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးဒိုင်ကြီးကြပ် (၂)ဦး၊ ကွင်းလယ်ဒိုင်လူကြီး(၆)ဦး နှင့် အကူဒိုင်လူကြီး (၁၁)ဦး စုစုပေါင်း (၁၉)ဦးပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီတို့မှ ပူးပေါင်းကျင်းပမည့် Myanmar Women League 2022 ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်ကြီးကြပ်၊ ကွင်းလယ်ဒိုင်နှင့် အကူဒိုင်လူကြီးများ အနေဖြင့်ပြောင်းလဲထားသော ဘောလုံးဉပဒေများနှင့် ပတ်သက်၍ ဆွေးနွေးကြမည် ဖြစ်သည်။