အာရှ ယူ-၁၇ ခြေစစ်ပွဲစဉ် အုပ်စု (ဃ)၏ ပွဲကြို သတင်းစာရှင်းလင်းပွဲ ပြုလုပ်
September 30, 2022အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်ဆော်ဒီအာရေဗျကို မြန်မာအသင်း ရှုံးနိမ့်
October 2, 2022မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF) ဒိုင်ကော်မတီနှင့် ဒိုင်လုပ်ငန်းဌာနတို့ ပူးပေါင်းကျင်းပသည့် အမျိုးသမီး ဒိုင်ကြီးကြပ်၊ ကွင်းလယ်ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁ ရက် ရက် နံနက်ပိုင်းက သုဝဏ္ဏကွင်းအတွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင်ကျင်းပခဲ့သည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်၊ ဒိုင်ဌာန ဒါရိုက်တာ ဦးလှမင်းနှင့် တာဝန်ရှိသူများ၊ ဒိုင်ကြီးကြပ်၊ ဒိုင်လူကြီးများနှင့် အကူဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်တို့က အမှာစကား အသီးသီး ပြောကြားခြင်း၊ ဒိုင်လူကြီး တစ်ဦးမှ ကျေးဇူးတင် အမှတ်တရ စကားပြန်လည်ပြောကြားခြင်းတို့ပြုလုပ်ပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးကာ အလုပ်ရုံဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၁ ရက်အထိပြုလုပ်ခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသမီးဒိုင်ကြီးကြပ် (၂)ဦး၊ ကွင်းလယ်ဒိုင်လူကြီး(၆)ဦး နှင့် အကူဒိုင်လူကြီး (၁၁)ဦး စုစုပေါင်း (၁၉)ဦးတို့ ပါဝင်ဆွေးနွေးကြသည်။
ယင်း အလုပ်ရုံဆွေးနွေးပွဲသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီတို့မှ လာမည့်အောက်တိုဘာ ၃ ရက်မှ စတင်ကျင်းပမည့် Myanmar Women League 2022 ပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ဒိုင်ကြီးကြပ်၊ ကွင်းလယ်ဒိုင်နှင့် အကူဒိုင်လူကြီးများ အနေဖြင့် ပြောင်းလဲထားသော ဘောလုံးဉပဒေများနှင့် ပတ်သက်၍ ဆွေးနွေးကြခြင်း ဖြစ်သည်။