အာရှယူ-၁၇ ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲတွင် အိမ်ရှင်ဆော်ဒီအာရေဗျကို မြန်မာအသင်း ရှုံးနိမ့်
October 2, 2022အာရှယူ-၁၇ ခြေစစ်ပွဲတွင် အိန္ဒိယအသင်းကို မြန်မာအသင်း ရှုံးနိမ့်
October 8, 2022၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(ဃ) ဒုတိယမြောက် ပွဲစဉ်အဖြစ် မြန်မာ ယူ -၁၇ အသင်း နှင့် ကူဝိတ် ယူ-၁၇ အသင်းတို့ မြန်မာစံတော်ချိန် အောက်တိုဘာ ၃ ရက် ည (၉း၄၅) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ကူဝိတ်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာအသင်းသည် စိုင်းသီဟနိုင်(ဂိုး)၊ ခွန်းချိုထူး၊ သူရဇော်၊ လင်းထက်ဦး၊ မြတ်ဘုန်းခန့်၊ ထူးဝေယံ၊ အောင်ကောင်းမြတ်၊ အောင်ဇော်မျိုး၊ စောမျိုးဇော်၊ ပြည့်စုံအောင်၊ ကောင်းထက် တို့ဖြင့် ပွဲထွက်ခဲ့ပြီး ကူဝိတ်အသင်းကို အပြန်အလှန် ယှဉ်ပြိုင်ကစားခဲ့ကာ ပထမပိုင်းတွင် ဂိုးမရှိ သရေကျနေခဲ့သည်။
မြန်မာအသင်း အနေဖြင့် ဒုတိယပိုင်းတွင် ကောင်းထက်ဇော်၊ မျိုးထက်ဦး၊ ရှိုင်းဝဏ္ဏအောင်၊ နေမင်းထက်၊ နေလင်းထက်တို့ကို လူစားလဲ ဝင်ရောက်ကစားစေခဲ့ပြီး ကူဝိတ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သော်လည်း ပွဲချိန် ၇၈ မိနစ်တွင် ကူဝိတ်အသင်း ဦးဆောင်ဂိုး ရရှိသွားပြီး ယူဆက်အယ်မက်တာရီက သွင်းယူခဲ့သည်။
လက်ကျန်ပွဲချိန်များတွင် ချေပဂိုးရရှိရေးအတွက် မြန်မာအသင်း တိုက်စစ်မြှင့် ကစားခဲ့သော်လည်း ဂိုးကံခေခဲ့သောကြောင့် ပွဲအပြီးတွင် ကူဝိတ်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။ အခြားပွဲစဉ်တွင် အိန္ဒိယ အသင်းက မော်လ်ဒိုက်စ်အသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာယူ-၁၇ အသင်းသည် အောက်တိုဘာ ၇ ရက် မြန်မာစံတော်ချိန် ည ၉း၄၅ နာရီတွင် အိန္ဒိယ ယူ-၁၇ အသင်းနှင့် ဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။