အာရှယူ-၁၇ ခြေစစ်ပွဲတွင် အိန္ဒိယအသင်းကို မြန်မာအသင်း ရှုံးနိမ့်
October 8, 2022လူငယ်ဘောလုံး ဖွံ့ဖြိုးရေးအတွက် MFF Grassroots Football Festival 2022 ကျင်းပပြုလုပ်
October 23, 2022၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(ဃ) အုပ်စုနောက်ဆုံး ပွဲစဉ်အဖြစ် မြန်မာ ယူ -၁၇ အသင်း နှင့် မော်လ်ဒိုက်စ် ယူ-၁၇ အသင်းတို့ မြန်မာစံတော်ချိန် အောက်တိုဘာ ၁၀ ရက် နံနက် (၀၀:၃၀) နာရီတွင် ဆော်ဒီအာရေဗျနိုင်ငံ၊ Al Khobar မြို့ရှိ Prince Saud bin Jalawi ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
မြန်မာ ယူ-၁၇ အသင်းတွင် စိုင်းသီဟနိုင် (ဂိုး)၊ သူရဇော်၊ ကောင်းခန့်ဇော်၊ မျိုးထက်ဦး၊ ပြည့်စုံအောင်၊ မြတ်ဘုန်းခန့်၊ ခွန်းချိုထူး၊ ထူးဝေယံ၊ စောမျိုးဇော်၊ လင်းထက်ဦး၊ အောင်ဇော်မျိုးတို့ ပွဲထွက်ခဲ့ကြပြီး မော်လ်ဒိုက်စ် အသင်းကို တစ်ပွဲလုံး ဖိအားပေး ကစားနိုင်သွားခဲ့သည်။
မြန်မာယူ-၁၇ အသင်း အနေဖြင့် မော်လ်ဒိုက်စ် ယူ-၁၇ အသင်းကို ပွဲချိန် ပထမပိုင်းတွင် လေးဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ်နှင့် ၂၈ မိနစ်တွင် စောမျိုးဇော်၊ ၃၄ မိနစ်တွင် ပြည့်စုံအောင်နှင့် ၄၅ မိနစ်တွင် မြတ်ဘုန်းခန့်တို့က ဂိုးများ သွင်းယူခဲ့ကြသည်။
မြန်မာယူ-၁၇ အသင်းသည် ပွဲချိန် ဒုတိယပိုင်းတွင် သက်နိုင်ဦး၊ မျိုးမင်းခန့်၊ အောင်ကောင်းမြတ်၊ နေလင်းထွန်း၊ ကောင်းထက် အစရှိသည့် ကစားသမားကို ထည့်သွင်းပြီး မော်လ်ဒိုက်စ် အသင်းဘက်သို့ ဆက်လက် တိုက်စစ်ဆင် ကစားခဲ့ရာ ပွဲချိန် ၆၂ မိနစ်တွင် ပြည့်စုံအောင်၊ ၆၉ မိနစ်တွင် အောင်ဇော်မျိုး၊ ၉၀+၁ မိနစ်တွင် မျိုးမင်းခန့်တို့က ဂိုးများ ထပ်မံသွင်းယူခဲ့ကြသဖြင့် ပွဲအပြီးတွင် မြန်မာအသင်းက မော်လ်ဒိုက်စ် အသင်းကို ၇-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။
၂၀၂၃ အာရှ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲစဉ် (2023 AFC U-17 Asian Cup Qualification) ပြိုင်ပွဲအုပ်စု(ဃ) ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ မြန်မာအသင်းသည် လေးပွဲကစား၊ တစ်ပွဲနိုင်၊ သုံးပွဲရှုံးနိမ့်ခဲ့ပြီး အုပ်စု အဆင့် (၄) နေရာတွင် ရပ်တည်ကာ ပထမနေရာရရှိသော အိမ်ရှင် ဆော်ဒီအာရေဗျနှင့် ဒုတိယနေရာ ရရှိသော အိန္ဒိယ အသင်းတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
အောက်တိုဘာ ၁ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့သော အာရှယူ-၁၇ ချန်ပီယံရှစ် ခြေစစ်ပွဲစဉ်များ အပြီးတွင် အုပ်စု ပထမနေရာရရှိခဲ့သော ဂျပန်၊ မလေးရှား၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ယီမင်၊ ဗီယက်နမ်၊ ဩစတြေးလျ၊ တာဂျစ်ကစ္စတန်၊ အီရန်၊ ဥဇဘက်ကစ္စတန်၊ အကောင်းဆုံး အုပ်စုဒုတိယ ခြောက်သင်းဖြစ်သော တောင်ကိုရီးယား၊ တရုတ်၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ထိုင်းနှင့် လာအိုတို့ ခြေစစ်ပွဲ အောင်မြင်ခဲ့ကြသည်။