
၂၀၂၄ အာရှအမျိုးသမီးယူ-၂၀ နှင့် ယူ-၁၇ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ
November 3, 2022
AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ဖွင့်ပွဲ အခမ်းအနားကျင်းပ
November 7, 2022မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘဏ္ဍာရေး ကော်မတီအစည်းအဝေး (၂/၂၀၂၂) ကို နိုဝင်ဘာလ ၄ ရက် နံနက်ပိုင်းက ရန်ကုန်မြို့၊ဝါးတန်းလမ်းရှိ Apline ရုံးချုပ်တွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ ဘဏ္ဍာရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်း၊ ဒုတိယ ဥက္ကဋ္ဌ ဦးသန်းဇော်၊ ကော်မတီဝင် ဦးမင်းလှိုင်၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ကော်မတီဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးကို စတင်ခဲ့သည်။ ဆက်လက်၍ အစည်း အ ဝေးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အတွက် တစ်နှစ်တာ ဘဏ္ဍာရေး လျာထားချက်များ၊ ၂၀၂၂ ခုနှစ်အတွင်း အသုံးပြုခဲ့သော ၀င်ငွေ ထွက်ငွေ ရှင်းတမ်းများ၊ ၂၀၂၃ခုနှစ် အတွက် ရသုံးမှန်းခြေစာရင်း ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ စပွန်ဆာရရှိမှုများနှင့် စပွန်ဆာရရှိရေး ကြိုးပမ်းမှုများ၊ မြန်မာ့လက်ရွေးစင်အသင်း အသီးသီးအတွက် အသုံးစရိတ်လျာထားချက်များနှင့် ပတ်သက်၍ ကော်မတီဝင်များက ဆွေး နွေးခဲ့သည်။