
MFF အလုပ်အမှုဆောင် အစည်းအဝေး (၂/၂၀၂၂ ) ကျင်းပ
November 11, 2022
ပဏာမ မြန်မာ့လက်ရွေးစင် အသင်းလေ့ကျင့်မှုများ နိုဝင်ဘာ ၁၈ ရက်နေ့ စတင်မည်
November 14, 2022အာရှဘောလုံးအဖွဲ့ချုပ် နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)တို့ ပူးပေါင်းဖွင့်လှစ်သည့် AFC Futsal Level –1 Coaching Certificate Course သင်တန်းဆင်းပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Technical Director ဦးတင်မြင့်အောင်၊ သင်တန်းနည်းပြဆရာများ ဖြစ်ကြသော ဦးဌေးမြင့်၊ ဦးတင်မောင်ဌေး၊ ဦးကျော်ဇင်ညွန့် ၊ ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Technical Director ဦးတင်မြင့်အောင် နှင့် သင်တန်းနည်းပြ ဆရာဦးဌေးမြင့်တို့က သင်တန်းဆင်း အမှာစကား အသီးသီး ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ အမှတ်တရ ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


AFC Futsal Level – 1 Coaching Certificate Course သင်တန်းကို နိုင်ဝင်ဘာ ၇ ရက်မှ ၁၂ ရက်အထိ ဖွင့်လှစ်ခြင်းဖြစ်ပြီးသင်တန်း သား ၁၈ဦးနှင့် သင်တန်းသူ ၁ ဦးတက်ရောက်သည်။