
AFC FUTSAL LEVEL – 1 COACHING CERTIFICATE COURSE ကျင်းပပြီးစီး
November 13, 2022
Technical Leadership Development Seminar for MA Technical Directors သို့မြန်မာမှ နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင် တက်ရောက်ခဲ့
November 14, 2022နည်းပြချုပ် အန်တွမ်နီဟေး တာဝန်ယူထားသည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်းသည် လာမည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် လေ့ကျင့်မှုများ စတင်ပြုလုပ်မည် ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ထိုင်းလက်ရွေးစင် အသင်းနှင့် ဖီဖာ နိုင်ငံတကာ ခြေစမ်းပွဲကို လာမည့် ဒီဇင်ဘာ ၁၁ ရက်နေ့၊ ဘန်ကောက်မြို့တွင် ယှဉ်ပြိုင်ကစားရန် ရှိနေပြီး အဆိုပါ ခြေစမ်းပွဲနှင့် လေ့ကျင့်ရေး ခရီးစဉ်အတွက် ဆန်ခါတင် ကစားသမား ၂၅ ဦးကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် နည်းပြချုပ် အန်တွမ်နီဟေးမှ ထုတ်ပြန်သွားမည် ဖြစ်သည်။
နည်းပြချုပ် အန်တွမ်နီဟေးသည် ကျင်းပပြီးစီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်များမှ ခြေစွမ်းပြသနိုင်ခဲ့သည့် ကစားသမား (၄၄)ဦးအား စုပေါင်း၍ မြန်မာ ယူ၂၃ အသင်းနှင့်အတူ နိုဝင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တို့တွင် အသင်း(၄)သင်း ပတ်လည်ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေပြီး ပဏာမ မြန်မာ့လက်ရွေးစင် အသင်းအတွက် ကစားသမား ၂၅ ဦး (ပြည်တွင်း) ရွေးချယ်သွားမည်ဖြစ်သည်။ အဆိုပါ ၄ သင်းပတ်လည်း ခြေစမ်းပွဲများ ကစားရာတွင် မြန်မာအသင်း လက်ထောက်နည်းပြများဖြစ်သည့် ခီမေးလ် ဟာလက်က အဝါအသင်း၊ ဦးကြည်လွင်က အစိမ်းအသင်း၊ ဦးအောင်ကျော်မိုးက အနီအသင်း တို့ကိုတာဝန်ယူပြီး ယူ၂၃ အသင်းအတွက် ဗီလစ်ဇာ ပိုပေါ့က တာဝန်ယူသွားမည်ဖြစ်သည်။
လေးသင်းပတ်လည် ခြေစမ်းပြီးနောက် ပြည်တွင်းကလပ်အသင်းများမှ ကစားသမား ၂၅ ဦးနှင့် ပြည်ပ ထွက်ကစားနေသည့် ကစားသမားများအား စုစည်း၍ ထိုင်းနိုင်ငံတွင် နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ လေ့ကျင့်မှုများ ပြုလုပ်မည် ဖြစ်သည်။ ထိုင်းနိုင်ငံတွင် လေ့ကျင့်နေစဉ်အတွင်း ထိုင်းလက်ရွေးစင် အသင်းနှင့်လည်းကောင်း၊ ထိုင်းလိဂ်အသင်းများနှင့်လည်းကောင်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကာ မကြာမီ ယှဉ်ပြိုင်ရမည့် AFF MITSUBSHI ELECTRONIC CUP 2022 အတွက် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။
Match Schedule
Match No | Date | Time | Team | Field |
1 | 19 Nov 2022 | 8:00 AM | Green Vs Red | YTC |
2 | 19 Nov 2022 | 4:00 PM | Yellow Vs U22 | YTC |
3 | 21 Nov 2022 | 8:00 AM | Red Vs Yellow | YTC |
4 | 21 Nov 2022 | 4:00 PM | U22 Vs Green | YTC |
5 | 23 Nov 2022 | 8:00 AM | Red Vs U22 | YTC |
6 | 23 Nov 2022 | 4:00 PM | Yellow Vs Green | YTC |
နည်းပြ ခီမေးလ် ဟာလက် | အဝါရောင်အသင်း | . |
---|---|---|
No | Name | Club |
1 | Kyaw Zin Phyo | Shan United FC |
2 | Hein Zayar Lin | Yangon United FC |
3 | Wai Yan Oo | Myawaddy FC |
4 | Ye Min Thu | Shan United FC |
5 | Ye Lin Htet | Hantharwady United FC |
6 | Aung Naing Win | Ayarwaddy United FC |
7 | Kyaw Zin Lwin | Shan United FC |
8 | Naing Zin Htet | Myawaddy FC |
9 | Yar Zar Aung | Ayarwaddy United FC |
10 | Lin Htet Soe | ISPE |
11 | Yan Naing Oo | Yangon United FC |
SUB | Thet Paing Ko | Myawaddy FC |
SUB | Thet Naing | Yadanarbon FC |
SUB | Khin Kyaw Win | ISPE |
SUB | Nay Moe Naing | Hantharwady United FC |
နည်းပြ ဦးကြည်လွင် | အစိမ်းရောင်အသင်း | . |
---|---|---|
No | Name | Club |
1 | Tun Nanda Oo | Myawaddy FC |
2 | Zaw Ye Tun | Yadanabon FC |
3 | Thiha Htet Aung | Yangon United FC |
4 | Nanda Kyaw | Shan United FC |
5 | David Htan | Yangon United FC |
6 | Hlaing Bo Bo | Yadanabon FC |
7 | Win Naing Tun | Yangon United FC |
8 | Yan Kyaw Htwe | Ayarwaddy United FC |
9 | Kyaw Min Oo | Yangon United FC |
10 | Ye Yint Aung 2 | Yadanabon FC |
11 | Myat Kaung Khant | Shan United FC |
GK SUB | Pyae Phyo Thu | Yadanabon FC |
SUB | Zin Phyo Aung | Shan United FC |
SUB | Zwe Khant Min | Shan United FC |
SUB | Aee Soe | – |
နည်းပြ ဦးအောင်ကျော်မိုး | အနီရောင်အသင်း | |
---|---|---|
No | Name | Club |
1 | San Satt Naing | Yangon United FC |
2 | Naung Naung Soe | Yadanabon FC |
3 | Ye Yint Aung 1 | Hantharwady United FC |
4 | Win Moe Kyaw | Hantharwady United FC |
5 | Than Toe Aung | GFA |
6 | Kaung Myat Thu | Ayarwaddy United FC |
7 | Lar Din Maw Yar | Hantharwady United FC |
8 | Wai Lin Aung | ISPE |
9 | Thet Wai Moe | Myawaddy FC |
10 | Khun Kyaw Zin Hein | Hantharwady United FC |
11 | Zin Ko Htet | Ayarwaddy United FC |
SUB | Aung Wunna Soe | Yadanabon FC |
SUB | Nyi Nyi Aung | Ayarwaddy United FC |
SUB | Zwe Htet Min | Shan United FC |